Wednesday, February 3, 2016

ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်အတွင်း လှည့်လည် လေ့လာ


နေပြည်တော် ဖေဖော်ဝါရီ ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွမ်မိုင်း ကအိုတီရာနှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲ (၂)နာရီ (၄၅)မိနစ်တွင် နေပြည်တော်ရှိ အမျိုးသားပြတိုက်သို့ သွားရောက်၍   ပြခန်းများအား လှည့်လည် ကြည့်ရှု လေ့လာကြသည်။

ညနေပိုင်းတွင် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်သို့ သွားရောက်ကာ စေတီတော်ကြီးအား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် လက်မှတ် ရေးထိုး၍ အလှူတော်ငွေများ ပေးအပ် လှူဒါန်းသည်။ ယင်းနောက် စေတီတော် ပရ၀ုဏ်အတွင်းရှိ ဆင်ဖြူတော်များအား သွားရောက် ကြည့်ရှုကြသည်။
ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်ရှိ Grand  Treasures ရွှေရတနာနှင့် ပိုးထည်တိုက်နှင့် The Rich Gem ကျောက်မျက်ရတနာဆိုင်သို့ သွားရောက် လေ့လာကြသည်။

No comments:

Post a Comment