Friday, February 19, 2016

ရေဘေးသင့်ဒေသရှိ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရေးစီမံချက် အကောင်အထည်ဖော်ရန် အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာလက်မှတ်ရေးထိုး


နေပြည်တော် ဖေဖော်ဝါရီ ၁၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရက ရေဘေးသင့်ဒေသရှိ စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ရေးစီမံချက် အကောင်အထည်ဖော်ရန် အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာလက်မှတ်ရေး ထိုးလဲလှယ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်က အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသို့ဂျပန် နိုင်ငံအစိုးရမှ ရေဘေးသင့်ဒေသရှိ စာသင်ကျောင်းများပြန်လည်တည်ဆောက် ရေးစီမံချက် အကောင်အထည်ဖော်ရန်အတွက် အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr. Tateshi Higuchi တို့က လက်မှတ်ရေးထိုးလဲလှယ်ကြသည်။


အဆိုပါအကူအညီပေးရေးဆိုင်ရာ စာချွန်လွှာကို လက်မှတ်ရေးထိုးလဲလှယ် ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ဒေသရှိ စာသင်ကျောင်းများ အလျင် အမြန်ပြန်လည်ပြုပြင်ရာတွင် အထောက်အပံ့ကောင်းများ ရရှိလာနိုင်မည်ဖြစ်ပြီး ယင်းဒေသ၏ ပညာရေးကဏ္ဍများစဉ်ဆက်မပြတ်ကောင်းမွန်လာစေမည်ဖြစ် သည်။ ယခုစီမံချက်အတွက်ဂျပန်နိုင်ငံအစိုးရကဂျပန်ယန်း ၁ ဒသမ ၂ ဘီလီယံ ကူညီထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment