မြန်မာ့သတင်းစဉ်(သတင်းအဖွဲ့)
ချီးမြှင့်ထိုက်သူကို
သင်္ဂဟတရားနှင့်အညီ ချီးမြှင့်ခြင်းသည် ကောင်းမြတ်သည့် မင်္ဂလာတစ်ပါးဖြစ်သည်။ နိုင်ငံတော်သမ္မတ၏
နိုင်ငံ့စွမ်းဆောင်ရည်ဆု ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁ဝ ရက်က နေပြည်တော်ရှိ
မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပသည်။ အဆိုပါ အခမ်းအနားတွင်
နိုင်ငံ့စွမ်းဆောင်ရည်ဆု ရရှိခဲ့ကြသူများ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် ပီတိစကားသံများကို
မြန်မာ့သတင်းစဉ်မှ စုစည်းမေးမြန်း ဖော်ပြအပ်ပါသည်။
ဒေါက်တာလှမြင့်
ဗဟိုအဆင့်ဆေးရုံများ
ကွပ်ကဲရေးမှူး (အောက်မြန်မာပြည်)
လွန်ခဲ့တဲ့နှစ်က
ကျွန်တော် ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ် လောက်ကစပြီး
ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးကို တိုးချဲ့မွမ်းမံ ပြင်ဆင်ပြုပြင်ရေး နဲ့ အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေကို
ဆောင်ရွက်ခဲ့ပါတယ်။
ဒီလို ပြုပြင်
ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော် အစိုးရအနေနဲ့ ၂ဝ၁၁ ခုနှစ်လောက်က စပြီး ကျန်းမာရေးဝန်ကြီးဌာနကို
ရန်ပုံငွေတွေ တိုးမြှင့်ချထားပေးခဲ့ တယ်။ ၂ဝ၁၃ ခုနှစ်ကလည်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး
ပြုပြင်မွမ်းမံရေးနဲ့ အဆင့်မြှင့်တင်ရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့တယ်။ ကော်မတီ
ရဲ့ လမ်းညွှန်မှုတွေနဲ့ ဆေးရုံကြီးအဆင့် မြှင့်တင်နိုင်ဖို့ ဆောင်ရွက်ခဲ့တယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ပင်မ အဆောင်ကြီးဟာ နှစ် ၁ဝဝ ကျော် ရှိနေပါပြီ။
ယခင် (၂၂)နှစ်
အတွင်းမှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ အဆောက်အအုံတိုးချဲ့မှုတွေ မရှိခဲ့ ဘူး။ ရန်ကုန်ဆေးရုံကြီး
ပင်မဆောင် ပြင်ဖို့ဆိုရင် ပင်မဆောင်ထဲက လူနာ တွေထားဖို့ လိုအပ်လာပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့
ဒါတွေက အစ စဉ်းစားသုံးသပ်ပြီး ငါးထပ်တိုးချဲ့ အဆောက်အအုံကို တိုးချဲ့ ဆောက်လုပ်ခဲ့တယ်။
တိုးချဲ့တဲ့ ငါးထပ်ဆောင်ကို ခေတ်မီစွာ တည်ဆောက်ခဲ့တယ်။ ဒါကြောင့် ပင်မဆောင်ကလူနာတွေကို
ရွှေ့ပြောင်း နိုင်ခဲ့ပြီး ပင်မဆောင်ကြီးကို ပြုပြင် နိုင်ခဲ့တယ်။
ပြုပြင်ပြောင်းလဲရေးတွေ
ဆောင်ရွက်တဲ့အခါ အသွင်သဏ္ဌာန် ရော အနှစ်သာရရောပါ ပြုပြင် ပြောင်းလဲရတယ်။ အသွင်သဏ္ဌာန်
အရ လူနာတွေ တိုးတက်များပြား လာတဲ့အပေါ်မှာ မူတည်ပြီး နေရာ တွေပေးနိုင်အောင် ဆောင်ရွက်ရ
တယ်။
အနှစ်သာရအနေနဲ့
ကုသမှု အပိုင်းမှာ ခေတ်မီအောင် ဆောင်ရွက် ခဲ့ရတယ်။ ဓာတ်ကင်တဲ့စက်တွေ၊ အဏုမြူရောင်ခြည်သုံးပြီး
ရောဂါ ရှာဖွေရေးစက်တွေ၊ စီတီတွေကို နိုင်ငံတော်က ဖြည့်ဆည်းပေးခဲ့တယ်။ အဲဒါတွေကို တပ်ဆင်ပြီး
ရောဂါရှာဖွေ ရေးလုပ်ငန်းတွေ အဆင့်မြင့်အောင် ဆောင်ရွက်ခဲ့တယ်။ ဝန်ထမ်းပိုင်းမှာ ဆိုရင်လည်း
ကျွမ်းကျင်ဝန်ထမ်းတွေ ရော သက်ဆိုင်ရာ ဆရာဝန်ကြီးတွေ၊ ပါမောက္ခကြီးတွေကိုလည်း ကုသမှု စွမ်းဆောင်ရည်
မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ဒီလုပ်ငန်း တွေကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတဲ့
အတွက် ဒီဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ကျန်းမာရေးအတွက်
စိုက်ထုတ် ကုန်ကျငွေ တတ်နိုင်သမျှ ကျဆင်း အောင်နဲ့ အရေးပေါ် အတွင်းလူနာ တွေ စရိတ်စကမကုန်အောင်
CT၊ MRI ရိုက်တာကအစ အခမဲ့ဖြစ် အောင် ဆောင်ရွက်ပေးတယ်။ အတွင်းလူနာတွေကိုလည်း တော် တော်များများ
အခြေခံဆေးဝါးတွေ ထောက်ပံ့ပေးနိုင်ခဲ့တယ်။ ဓာတ်ခွဲ စမ်းသပ်မှုတွေကိုလည်း ပြုလုပ်နိုင်ခဲ့
တဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မှာ တစ်နိုင်ငံလုံး
စံပြအဖြစ် ဆောင်ရွက်ခဲ့သလို တစ်ပြည်လုံးမှာ ရှိတဲ့ ဆေးရုံတွေအနေနဲ့ ဒါကို စံနမူနာယူပြီး
ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ခဲ့ ကြလို့
ဒီဆုကိုရရှိခြင်းဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ တာဝန်ထမ်းဆောင် သက် ကာလတစ်လျှောက်လုံးမှာ ဒီလို ချီးမြှင့်မှုမျိုးကို
တစ်ခါမှ မကြုံခဲ့ဖူးပါ ဘူး။ ဒီလို ဂုဏ်ပြုခြင်းခံရတာ ဝမ်းသာပီတိ ဖြစ်ရပါတယ်။
ဒေါက်တာတင်ထွတ်
ပါမောက္ခချုပ်၊
တောင်ငူတက္ကသိုလ်
ရန်ကုန်တက္ကသိုလ်
အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ၂ဝ၁၁ ခုနှစ်ကစပြီး နိုင်ငံတော်အစိုးရနဲ့
ပညာရေးဝန်ကြီး ဌာနရဲ့ ခွင့်ပြုရန်ပုံငွေတွေနဲ့ တက္ကသိုလ် ရဲ့ အသွင်ဏ္ဌာန်ရော အနှစ်သာရကိုပါ
ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင် ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကြီးကို ရှေးမူမပျက်အောင်
ထိန်းသိမ်းပြီး အဆင့်မီအောင် ဆောင်ရွက်နိုင်ခဲ့ တယ်။ ဆရာ ဆရာမတွေ စွမ်းဆောင် ရည်မြှင့်တင်ဖို့အတွက်
နိုင်ငံတကာ အဆင့်မီ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်ခဲ့တယ်။ သုတေသန အပိုင်းမှာလည်း
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့တယ်။ ကျောင်းသား ကျောင်းသူတွေ
အရည်အသွေး မြှင့်တင်နိုင်ဖို့အတွက် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်ကစပြီး ဘွဲ့ကြိုတန်းတွေ ဖွင့်လှစ်နိုင်ခဲ့တယ်။
ဘွဲ့ယူမယ့် ကျောင်းသားတွေ
အတွက် အဆောင်တွေကို ပြန်လည် နေထိုင်ခွင့် ပြုထားပြီးဖြစ်ပါတယ်။ အဆောင်တွေကို ပြန်လည်ပြုပြင်
မွမ်းမံပြီး ကျောင်းသား ကျောင်းသူတွေ နေထိုင်ပညာသင်ကြားနေကြပြီဖြစ်ပါ တယ်။ တက္ကသိုလ်ကျောင်းသားဆိုတဲ့
ဘဝအရသာကို ခံစားနိုင်ပြီဖြစ်ပါ တယ်။
ပြည်ထောင်စုဝန်ကြီး
ဦးအုန်းမြင့်
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်
ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျွန်တော်တို့
ရခဲ့တဲ့ဆုက မြစိမ်း ရောင်အကောင်အထည်ဖော်တဲ့ စွမ်းရည်ဆုဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတက
၂ဝ၁၁ ခုနှစ် စတင် တာဝန်ထမ်းဆောင်တဲ့အချိန်ကစပြီး ကျေးလက်ဒေသရဲ့ ဆင်းရဲမှု လျှော့ချရေး
လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့ အပေါ်မှာ စီမံဆောင်ရွက်ပေးခဲ့ပါ တယ်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်ရဲ့ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သမ္မတ
က တာဝန်ယူဆောင်ရွက်ခဲ့ပြီး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ တာဝန်ကို ဒုတိယ သမ္မတတစ်ဦးက တာဝန်ယူဆောင်ရွက်
ခဲ့ပါတယ်။ ဝန်ကြီးဌာနရှစ်ခုနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ကျွန်တော်တို့ရဲ့ မွေးမြူရေး၊
ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကFocal Ministry အဖြစ် ဆောင်ရွက်ခဲ့ပါ
တယ်။
ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် တွေကို အကောင်အထည်ဖော်မယ့်
မဟာဗျူဟာ မူဘောင်တွေကို အကောင်အထည်ဖော်နိုင်ရေး စီမံခဲ့ ပါတယ်။ အဲ့ဒီစီမံကိန်းတွေကို
ဆောင်ရွက်တဲ့အခါမှာ သိသာထင်ရှား တဲ့ အကောင်အထည်ဖော်မှုကတော့ မြစိမ်းရောင်ကျေးရွာစီမံကိန်းပဲ
ဖြစ်ပါ တယ်။ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကို အကောင်အထည်ဖော်တဲ့အခါမှာ ဦးစီးဦးဆောင်ကြတဲ့
ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေက တာဝန်ယူ ဆောင်ရွက်ခဲ့ရပါတယ်။
ကျွန်တော်တို့အနေနဲ့
နှစ်စဉ် စီမံကိန်းနဲ့အညီ အကောင်အထည် ဖော်မှာဖြစ်သလို လာမယ့်နှစ်မှာလည်း ကျေးရွာပေါင်း
နှစ်ထောင့်တစ်ရာ အတွက် မြစိမ်းရောင်စီမံကိန်းကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အသား ကဏ္ဍ၊
ငါးကဏ္ဍတွေကိုလည်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။ နိုင်ငံတော် သမ္မတရဲ့ စွမ်းဆောင်ရည် ဆု
ချီးမြှင့်ခံရတဲ့အတွက် ဝမ်းသာပါ တယ်။ အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့တာကတော့ အောက်ခြေက
ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကူညီ ပံ့ပိုးပေးတဲ့ကုမ္ပဏီ၊ အုပ်ချုပ်မှုအဖွဲ့
အစည်းတွေ၊ အထူးသဖြင့် လက်တွေ့ အကောင်အထည်ပေါ်အောင် ဆောင်ရွက်ပေးတဲ့ ကျေးရွာသားတွေ ကြောင့်
ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်း
သမ္မတရုံးဝန်ကြီးဌာန
ဒီနေ့ ဆုပေးပွဲမှာ
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ငြိမ်းချမ်းရေး ကိစ္စအတွက် ရရှိတာဖြစ်ပါတယ်။ ၂ဝ၁၁
ခုနှစ် အစိုးရစတက်ကတည်းက ငြိမ်းချမ်းရေး လုပ်ဆောင်ခဲ့တာဖြစ်ပါ တယ်။ အခုဆိုရင် ငါးနှစ်ထဲ
ရောက်ရှိ ခဲ့ပြီးတော့ ဒီကာလမှာ ကြိုးစားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့
အန်စီအေလက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး မူဘောင်တွေ ရေးဆွဲနိုင်ခဲ့
တယ်။ ပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ လုပ်ဆောင်ခဲ့ တယ်။
ဒါတွေအားလုံးဟာ
တောက် လျှောက် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကတော့ ဒီနေရာမှာ ရပ်ထားလို့
မရပါဘူး။ ဆက်ပြီးတော့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဘယ် အစိုးရပဲတက်တက် လူတိုင်းမှာ တာဝန်ရှိပါတယ်။
ဘယ်သူပဲဖြစ်ဖြစ် ဆက်လက်ပြီးတော့ လုပ်ဆောင်သွား ရမှာပါ။
ဦးအောင်နိုင်ဦး
ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး
အဓိကဆုရတာတော့
ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကို တစ်နှစ်ထက်တစ်နှစ်
တိုးတက် အောင် ဆောင်ရွက်နိုင်ခဲ့လို့ ဆုရရှိခဲ့ တယ်လို့ သုံးသပ်မိပါတယ်။ ဆုရဖို့ ရယ်လို့
မရည်မှန်းခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် ပေးအပ်လာတဲ့တာဝန်
ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တာ ပါ။ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ နဲ့အတူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်
အောင် ကိုယ်ကျရာကဏ္ဍကနေ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အစစ အရာရာ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
အားလုံးကြိုးပမ်းမှု ရလဒ်ကြောင့် လည်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက် လာတယ်လို့လည်း
သုံးသပ်မိ ပါတယ်။
ဦးကျော်မြင့်လှိုင်
ညွှန်ကြားရေးမှူးချုပ်၊ ဆည်မြောင်းဦးစီးဌာန
ကျွန်တော်တို့
ဒီနေ့ ဆုပေးပွဲမှာ ဝန်ထမ်းများကိုယ်စား ကျွန်တော်တို့ အဖွဲ့ကိုယ်စားပြု ရှစ်ယောက် တက်ရောက်ပါတယ်။
ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်ခဲ့ရတဲ့ အပေါ်မှာ နိုင်ငံတော်အကြီးအကဲက အသိ အမှတ်ပြုတဲ့အတွက်
ဝမ်းသာမိပါ တယ်။ ကျွန်တော်တို့ ဌာနအတွက် အင်မတန်ဂုဏ်ရှိတဲ့ဆုကို ပေးအပ် ချီးမြှင့်ခြင်းခံရတယ်လို့လည်း
မြင်ပါ တယ်။
ဆက်လက်ပြီးတော့လည်း
ကျွန်တော်တို့ဌာနအနေနဲ့ ကျေးလက်နေ ပြည်သူတွေ၊ တောင်သူလယ်သမား တွေအတွက် စိုက်ပျိုးဖို့၊
ရေကြီးနစ်မြုပ် မှုတွေကာကွယ်ဖို့၊ ဆားငန်ရေဝင်တာ တွေကာကွယ်ဖို့၊ လျှပ်စစ်ဓာတ်အား တွေ
ထုတ်လုပ်ပေးနိုင်ဖို့၊ ရေလိုတဲ့ အချိန်မှာ ရေရှိဖို့အတွက်ကို အဓိက ထားပြီး ဆောင်ရွက်သွားမှာပါ။



No comments:
Post a Comment