Tuesday, February 23, 2016

ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရား၊ပုထိုး၊စေတီ ပစ္စယံများပေါ်သို့ မတ်လ ၁ ရက်နေ့မှစ၍ တက်ရောက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ထုတ်ပြန်

နေပြည်တော် ဖေဖော်ဝါရီ ၂၂

လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့ပြီး မြန်မာတစ်မျိုးသားလုံးနှင့် ဆက်နွှယ်နေသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသတစ်ခုဖြစ်သည့်အတွက် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရား၊ ပုထိုး၊ စေတီ ပစ္စယံများပေါ်သို့ မတ်လ ၁ ရက်နေ့မှစ၍ တက်ရောက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယနေ့ ထုတ်ပြန် သည်။

ယခုအခါ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်း စသည့် ရှေးဟောင်းအဆောက်အအုံပေါင်း ၃ဝဝဝ ကျော်ရှိကြောင်း သိရှိရပြီး နှစ်ကာလရှည်ကြာလာသည့် အဆောက်အအုံတို့သည် ခံနိုင်ရည်လျော့နည်းလာသည့်အပြင် လူအများအပြား တက်ရောက်မှုအတွက် ဘုရားများ၊ ရှေးဟောင်း အဆောက်အအုံများ၏ ရေရှည်တည်တံ့မှုကို အန္တရာယ်ဖြစ်စေကြောင်း၊ တက်ရောက်သူတို့အတွက်လည်း အန္တရာယ်များလာကြောင်း၊ ထို့အပြင် တက်ရောက်သူလူအများ၏ မလျော်ကန်သည့် ဝတ်စားဆင်ယင်မှု၊ ကခုန်သီဆိုမှု၊ ဘုရားပေါ်တွင် အိပ်စက်ခြင်းစသည့် ယဉ်ကျေးမှုဖြစ်စဉ်ကို ထိခိုက်ယိုယွင်းစေသည့် အပြုအမူအဖြစ်အပျက်တို့သည် သတိပေး တားမြစ်သည့်ကြားကပင် မလိုလားအပ်သည့်ဖြစ်စဉ်မျိုး မကြာခဏ ဖြစ်ပွားလျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထား သည်။


ရှင်မင်း

No comments:

Post a Comment