Tuesday, February 23, 2016

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပ




ရန်ကုန် ဖေဖော်ဝါရီ ၂၂

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့ (၁/၂ဝ၁၆) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ ဒက္ခိဏာရာမဘုရား ကြီးတိုက် ဆင်မင်းဆရာတော် အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသြဘာသာဘိဝံသ အမှူးပြုသော နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

အခမ်းအနားတွင် သဘာပတိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ ဒက္ခိဏာ ရာမဘုရားကြီးတိုက် ဆင်မင်း ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သြဘာသာ ဘိဝံသက အဖွင့်သမ္မော ဒနီယ သြဝါဒကထာ မြွက်ကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက သာသနာရေးဆိုင်ရာ များ လျှောက်ထားပြီး ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ကျင်းပသော တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ၏ (၂/၂ဝ၁၅) အစည်းအဝေး မှတ်တမ်းကို တင်ပြအတည်ပြုချက် ရယူကာ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၂/၂ဝ၁၅) ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို တက္ကသိုလ် များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်း ရေးမှူး သာသနာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်အောင်က တင်ပြသည်။

ထို့နောက် ပညာရေးဗဟိုအဖွဲ့ (၁/၂ဝ၁၆) အစည်းအဝေး၏ တင်ပြ ချက်များအပေါ် ဝေဖန်ဆွေးနွေး ဆုံးဖြတ်ခြင်းနှင့် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ (ရန်ကုန်/မန္တလေး)တို့က တင်ပြချက်များအပေါ် ဆွေးနွေး ဆုံးဖြတ်ခြင်းများကို ပြုလုပ်ခဲ့ကြပြီး အထွေထွေ ကိစ္စရပ်များ ဆွေးနွေးကြ သည်။

ယင်းနောက် သဘာပတိ ဆရာတော်က နိဂုံးချုပ်သြဝါဒကထာ မြွက်ကြားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

No comments:

Post a Comment