Tuesday, February 23, 2016

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဘရုနိုင်းဒါရူဆလမ်နိုင်ငံ အမျိုးသားနေ့သ၀ဏ်လွှာပေးပို့

နေပြည်တော် ဖေဖော်ဝါရီ ၂၃

၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျရောက်သော ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၏ (၃၂)နှစ်မြောက် အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံမှ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင်၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေး ဝန်ကြီး၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီး ဆူလတန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

(သတင်းစဉ်)

No comments:

Post a Comment