Wednesday, February 24, 2016

နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အသွင် ကူးပြောင်းရေးအဖွဲ့ တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ အသွင် ကူးပြောင်းရေးအဖွဲ့အကြား တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ ၌ ကျင်းပသည်။


အစည်းအဝေးတွင် သမ္မတအိမ်တော်၌ ကျင်းပမည့် နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းသည့်အခမ်းအနား အစီအစဉ် လျာထားချက်များကို အသေး စိတ် ရှင်း လင်းဆွေးနွေးကြပြီး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို လာမည့် မတ်လဆန်း အတွင်း နှစ်ဖက် ညှိနှိုင်းကျင်းပရန် သဘောတူ ညီကြသည်။

အစည်းအဝေးသို့ နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက် အကူ ပြုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးလှထွန်း၊ ကော်မတီဝင် များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် နိုင်ငံတော်သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူးပြောင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ အဖွဲ့ဝင်များဖြစ်ကြ သည့် ဒေါက်တာ မျိုးအောင်နှင့် ဒေါက်တာ အောင်သူတို့ တက်ရောက် ခဲ့ကြသည်။

No comments:

Post a Comment