Saturday, February 6, 2016

နမ့်ဆန်မြို့နယ် မီးဘေးသင့်ပြည်သူများအတွက် အဆက်မပြတ် ရောက်ရှိလာသော လှူဒါန်းငွေသားများနှင့် ထောက်ပံ့ပစ္စည်းများအား ပြန်လည်ထောက်ပံ့ပေးအပ်လျက်ရှိ






နမ့်ဆန် ဖေဖော်ဝါရီ (၆)ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ဖေဖော်ဝါရီလ (၄)ရက် နေ့တွင် လောင်ကျွမ်းခဲ့သော မီးကြောင့် အိမ်ခြေ(၂၀၉)အိမ်၊ အိမ်ထောင်စု (၂၉၂)စု၊ လူဦးရေ (၁၂၈၈)ဦးတို့ မီးဘေးသင့်ခဲ့ပြီး၊ တန်ဖိုးငွေကျပ် သိန်း (၉၈၄၈)ခန့် ဆုံးရှုံးပျက်စီးခဲ့သည်။


အဆိုပါမီးဘေးသင့် ပြည်သူများအတွက် ယနေ့နေ့လည် (၁၂း၀၀)နာရီမှ ည(၆း၀၀)နာရီအထိ ကယ်ဆယ်ရေးစခန်း အလှူခံဌာနသို့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ မော်တော်ယာဉ်များဖြင့် လာရောက်၍ ထောက်ပံ့လှူဒါန်းခဲ့ကြရာ ငွေကျပ်(၃၄၄၃၂၈၀၀ိ/-)၊ ဆန်(၇၃၇)အိတ်နှင့် ရေသန့်၊ ကျား/မ၀တ် အ၀တ်အထည်၊ ကြမ်းခင်း ကော်ဇောလိပ်၊ အိုးခွက်ပန်းကန်၊ ကလေးအ၀တ်အထည်များနှင့် စောင်များကို အလှူခံရရှိခဲ့သည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအစီအစဉ်ဖြင့် ဆန်အိတ်(၁၀၀)၊ ဆီ(၇၄)ပိဿာ၊ ဆား (၇၄)ပိဿာ၊ ကုလားပဲ (၂၁၀)ပိဿာ၊ တစ်လီတာရေသန့်ဗူး (၂၀၀)ကတ်၊ ၀.၆ လီတာ ရေသန့်ဗူး(၂၅၀)ကတ်၊ စောင်(၃၉၀)ထည်၊ မလုံခြည် (၅၀)ထည်၊ ကလေးအင်္ကျီ(၄၀)၊ မ၀တ်ကုတ်အင်္ကျီ(၁၀)ထည်၊ ကလေးဝတ်ဘောင်းဘီ(၁၀၀)ထည်၊ ဇစ်ဆွဲအနွေးထည်(၅၀)ထည်၊ ခေါင်းစွပ် အင်္ကျီ (၃၀)ထည်၊ ကလေးအနွေးထည် (၂၀)ထည်၊ စောင်ပါးဘောင်းဘီရှည်(၅၀)ထည်၊ ဂျာကင် အထူအပါး(၆၀)ထည်၊ လည်စည်းအနွေးထည်(၅၀)ထည်၊ မ၀တ်အင်္ကျီနှင့် အနွေးထည်ဆိုဒ်စုံ (၁၃၀)ထည်၊ ပုဆိုး(၅၀)ထည်နှင့် အထည်စုံ(၃၈၅)ထည်တို့ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနမှလည်း အ၀တ်အထည် အထုပ်ကြီး(၂၀)ထုပ်၊ ဒန်အိုး(၆)လုံးပါ အစုံ(၁၀၀)စုံ၊ လက်ဆွဲ မီးအိမ်အလုံး (၄၀၀)လုံးကိုလာရောက် လှူဒါန်းခဲ့ပြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အစီအစဉ်ဖြင့် အိမ်ထောင်စု တစ်စုလျှင် အိမ်သုံးပစ္စည်း (၁၄)မျိုးပါ ပုံး(၁)ပုံးစီဖြင့် အိမ်ထောင်စု (၁၅၀)အတွက် (၁၅၀)ပုံးကို ရှေးဦးစွာ ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် အိမ်ထောင်စုများအတွက် ပစ္စည်းများရောက်ရှိပါက ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှလည်း ကျားလုံချည် (၅၀၀)၊ မလုံခြည် (၅၀၀)၊ စောင်အထည် (၁၀၀၀)၊ မျက်နှာသုတ်ပုဝါ အထည်(၅၀၀)၊ တီရှပ်အထည် (၁၀၀၀)၊ ဒန်အိုး (၅၀၀)လုံး၊ ကာဘော်လစ် ဆပ်ပြာ (၅၀၀)တောင့်၊ နှစ်ယောက်အိပ်ခြင်ထောင် (၅၀၀)လုံး၊ ဇလုံ(၅၀)လုံး၊ မိုးကာလိပ် (၁၀)လိပ်၊ ကျားဝတ်ဘောင်းဘီ (၂၇၀)ထည်၊ ခေါင်းအုံး (၆၀)လုံး၊ ခေါင်းအုံးစွပ် (၅၉)လုံး၊ အင်္ကျီအသစ် ကျားဝတ်(၁)ထုပ်၊ ခြောက်ယောက်အိမ် မိုးကာတဲ (၈၀)လုံး၊ အ၀တ်ဟောင်း ဘေထုပ် သေး(၈၀)ထုပ်၊ ကြီး(၂၀)ထုပ်ကိုလည်း လာရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်မဲခရိုင်ပြန်/ဆက်

No comments:

Post a Comment