Thursday, February 25, 2016

(၁၅)ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်၊ သဘာဝဘေးကယ်ဆယ်ရေးဆိုင်ရာအစည်းအ‌ဝေးကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂၅
(၁၅)ကြိမ်မြောက်အာဆီယံဒေသတွင်းဖိုရမ်၏ သဘာဝဘေးကယ်ဆယ်ရေးဆိုင်ရာ အစည်း အ‌ဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)ခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများ၊  ပူးတွဲဥက္ကဌများ ဖြစ်ကြသော တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များ၊  အာဆီယံ ဒေသတွင်း ဖိုရမ် အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ
ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ကြသည်။
အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင်   အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရဲ့ ဦးဆောင်မှုဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကျောင်းကြီး (Disaster Management Training Center) ကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ(၄)ရက်တွင် ထူထောင်ဖွင့် လှစ်နိုင်ခဲ့ကြောင်း၊  နိုင်ငံတစ်ဝှမ်းကျေးရွာ (၅၀၀)ကျော် မှ စေတနာ့ဝန်ထမ်းလူငယ်(၉၀၀၀)ဦးကိုလည်း လေ့ကျင့်သင်တန်း ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်‌ရှောက်ရေး ဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (Myanmar National Strategic Plan on Social Protection)မှာ သဘာဝ ဘေးသင့်သူများ အားကူညီ ထောက်ပံ့ခြင်း အပါအဝင် လူမှုရေးအရကာကွယ် စောင့်‌ ရှောက်ရန်လိုအပ်တဲ့ အုပ်စုများကို သက်ဆိုင်ရာ ဘဏ္ဍာ‌ရေး နှစ်အလိုက် တဆင့်ပြီး တဆင့်‌ ထောက်ပံ့ ဆောက်ရွက်သွားမည်ဖြစ်ပါကြောင်း၊  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၃)နှင့် နည်းဥပဒေ (၂၀၁၅) တို့နှင့်အညီ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိ ကြောင်း၊  မြန်မာနိုင်ငံ အနေဖြင့် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရချိန်တွင် လျင်မြန်သည့် တုံ့ပြန်ဆောင်ရွက်မှုနှင့် အရေးပေါ်ကာလ ဆက်သွယ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို အရပ်ဘက် နှင့် တပ်မတော် ပူးပေါင်း ဆောင်ရွက် မှုဖြင့် အဖွဲ့အစည်းအားလုံးပါဝင်လျက် အရေးပေါ် အခြေအနေ ကွပ်ကဲမှုဗဟိုဌာန (Emergency Operation Center-EOC)၏ ကွပ်ကဲမှုဖြင့် အောင်မြင်စွာဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၁၅-၂၀၃၀ ဆန်ဒိုင်းမူဘောင် ဦးစားပေး လုပ်ငန်းစဉ်များကို အလေးထားပြီး  အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊  အားပြင်းသည့် အယ်နီညိုရဲ့ နောက်ဆက်တွဲ အန္တရာယ်များ ဖြစ်သည့် မီးဘေး၊ မိုးခေါင်ရေရှားဘေးနှင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ ကိုရင်ဆိုင် ဖြေရှင်း နိုင်ရေးအတွက် အာဆီယံ ဒေသအတွင်း ကြိုတင်ပြင်ဆင် ကာကွယ်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားကြဖို့ အထူး တိုက်တွန်းမှာကြားလိုပါကြောင်းဖြင့်‌   ပြောကြားသည်။
(၂)ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် အာဆီယံ ဒေသတွင်း ဖိုရမ် အဖွဲ့ဝင်(၂၆)နိုင်ငံများမှ ကိုယ်စားလှယ်များသည်  ပိုမိုကောင်းမွန်သည့် တုန့်ပြန် ဆောင်ရွက်ရေး (Building a better Response) အတိုင်း အာဆီယံ ဒေသအတွင်း အရပ်ဘက်နှင့်တပ်မတော် တို့ ပူးပေါင်းဆောင်ရွက်ရေးစနစ်များ အပါအ၀င် ဒေသတစ်ခုတုန့်ပြန်မှုတစ်ခု(One ASEAN One Response) ဖြစ်ပေါ်လာရေးအတွက် ညှိနှိုင်းဆွေးနွေးကြမ ည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)




No comments:

Post a Comment