Thursday, February 25, 2016

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၂ရက်မြောက်နေ့ ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပရာ အမျိုးသား လွှတ်တော်နှင့် သြစတြေးလျ၊ ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားလွှတ် တော်များနှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း များ ပြင်ဆင်ဖွဲ့စည်းခြင်းကို အတည်ပြုဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မြန်မာ - သြစတြေးလျ လွှတ်တော်ချင်းချစ်ကြည် ရင်းနှီးရေးအသင်း ကို ကော်မတီ ဥက္ကဋ္ဌအဖြစ် ချင်း ပြည်နယ်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊ အတွင်းရေးမှူး အဖြစ် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာ တို့ဖြင့်လည်းကောင်း၊ မြန်မာ-ကိုရီးယား လွှတ်တော် ချင်းချစ်ကြည်ရင်းနှီးရေး အသင်းကို ကော်မတီဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးကျော်သီဟ၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးစခင်ဇော်လင်းတို့ဖြင့် လည်းကောင်း၊ မြန်မာ-မလေးရှား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို ကော်မတီဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူး အဖြစ် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာ ဇော်လင်း ထွဋ် တို့ဖြင့် လည်းကောင်း၊ မြန်မာ - ဖိလစ်ပိုင် လွှတ်တော်ချင်းချစ်ကြည် ရင်းနှီးရေးအသင်းကို ကော်မတီဥက္ကဋ္ဌအဖြစ် ရန်ကုန် တိုင်းဒေ သကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာ ဌေးကြွယ်၊ အတွင်းရေးမှူးအဖြစ် ချင်းပြည် နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်တို့ဖြင့် လည်းကောင်း ၁၂ ဦးစီဖြင့် ပြင်ဆင်ဖွဲ့စည်း ခြင်းကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့အတူ မြန်မာ - အင်ဒိုနီးရှားလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ကို ကော်မတီ ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ ဒေါက်တာ ဦးဝင်းမြတ်အေး၊ အတွင်းရေးမှူးအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်တုတ် တို့ဖြင့်လည်းကောင်း၊ မြန်မာ တရုတ်လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေး အသင်းကို ကော်မတီဥက္ကဋ္ဌ အဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာ မြသောင်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀) မှ ဒေါ်နော်လှလှစိုးတို့ဖြင့်လည်းကောင်း ၁၃ ဦးစီဖြင့် ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြု ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက် နေ့ကို နံနက်(၁၀)နာရီ(၁၅)မိနစ်တွင် ရပ်နားလိုက်ပြီး ပုံမှန် အစည်းအဝေး (၁၃)ရက် မြောက်နေ့ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆက်လက် ကျင်းပသွားရန် လျာထားကြောင်း သိရှိ ရသည်။

No comments:

Post a Comment