နေပြည်တော် ဖေဖော်ဝါရီ ၈
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအကြိမ်အစည်းအဝေး
စတုတ္ထနေ့ကို ယနေ့ မွန်းလွဲ(၁) နာရီခွဲတွင် ကျင်းပရာ ပြည်သူ့လွှတ်တော် ကော်မတီဝင်များ
အမည်စာရင်း၊ အခွင့်အရေး၊ တာဝန်၊ လုပ်ပိုင် ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို
အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက် သည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က
လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့်တာဝန်ခံချက် များကော်မတီတို့တွင်
ပါဝင်မည့်အဖွဲ့ဝင်ဦးရေ၊ အမည် စာရင်း၊ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်း အခွင့်အရေး၊
တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင် ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက် ရယူသည်။
ထို့နောက် ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီကို
အဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်း ထားပြီး ကော်မတီဥက္ကဋ္ဌ တာဝန်ကို ကွတ်ခိုင်မဲ ဆန္ဒနယ်မှ ဦးတီခွန်မြတ်နှင့် အတွင်းရေးမှူးတာဝန်ကို အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးတို့အား တာဝန်ပေးအပ်မည်ဖြစ်ကြောင်း
ကြေညာသည်။
အလားတူ ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊
ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီကို အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းထားပြီး
ကော်မတီဥက္ကဋ္ဌတာဝန်ကို မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာ မေ၀င်းမြင့်နှင့် အတွင်းရေးမှူးတာဝန်ကို
ချီဖွေမဲဆန္ဒနယ်မှ ဦးဇုန်းတိန့်တို့အား တာဝန် ပေးအပ် သွားမည်ဖြစ်ကြောင်း ကြေညာသည်။
အစည်းအဝေး ပဉ္စမနေ့ကျင်းပမည့်ရက်ကို ထပ်မံကြေညာမည်ဖြစ်
ကြောင်းသိရသည်။


No comments:
Post a Comment