Tuesday, January 19, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံပိုင်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုအုပ်စု( State Power Investment Corporation- SPIC) ဥက္ကဋ္ဌ မစ္စတာ ၀မ်ပင်းဟွာ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇန်န၀ါရီ ၁၉
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံပိုင် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်မှုအုပ်စု (State Power Investment Corporation- SPIC) ဥက္ကဋ္ဌ မစ္စတာ ၀မ်ပင်းဟွာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဧရာဝတီမြစ် ရေကြီးရေလျှံမှုမှကာကွယ်ရန် နိုင်ငံတကာပညာရှင်များ ပါဝင်သော လေ့လာရေး လုပ်ငန်းများနှင့် လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးကြသည်။
ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးခင်မောင်စိုး၊ ဦးဇေယျာအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် မစ္စတာ ၀မ်ပင်းဟွာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး  မစ္စတာ ဟုန်လျန် လည်းတက် ရောက်သည်။
(သတင်းစဉ်)



No comments:

Post a Comment