နေပြည်တော် ဇန်န၀ါရီ ၂၀
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြစတြီးယားနိုင်ငံမှ ဖိုးပေါစ် အင်တာနေရှင်နယ် ဥက္ကဋ္ဌနှင့်
အမှုဆောင် အရာရှိချုပ် မစ္စတာ ဟဲမက် ဒန်လာ
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်
သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် သဘာဝ ဘေးအန္တရာယ်များ လျော့ပါးရေးနှင့်
ပြန်လည်ထူထောင်ရေး၊ ဘေးမဲ့တောများ ထူထောင်ရေး၊ မြန်မာနိုင်ငံ အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ၊
တောရိုင်း တိရစ္ဆာန်များ ကယ်ဆယ်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေး၊ ဆင် ဆေးကုသ စခန်းများ
ဖွင့်လှစ်ထူထောင် နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြသည်။
ထိုသို့လက်ခံ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးဝင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:
Post a Comment