နေပြည်တော်၊ ဇန်နဝါရီ - ၂၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့ ကလပ်ဒီမက်ဒရစ်အဖွဲ့ဝင် ၊ ချီလီနိုင်ငံ
သမ္မတဟောင်း Mr. Ricardo Froilan Lagos Escobar အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်
ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် တပ်မတော်အနေဖြင့် ရွေးကောက်ပွဲအလွန်ကာလ
တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်နေမှု အခြေအနေ၊
နောင်ပေါ်ပေါက်လာမည့် အစိုးရနှင့် လက်တွဲ၍ ငြိမ်းချမ်းရေး
ကိစ္စရပ်များ အောင်မြင်အောင် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည့် အခြေအနေ၊ တိုင်းပြည်တည်ငြိမ်
အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို
အပြန်အလှန် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး
စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များတက်ရောက်ကြပြီး ချီလီနိုင်ငံ
သမ္မတဟောင်းနှင့်အတူ ကလပ်ဒီမက်ဒရစ်အဖွဲ့မှ ဒုတိယအတွင်းရေးမှူးချုပ် Ms. Ma Elena Aguero နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
(မြ၀တီ)
No comments:
Post a Comment