နေပြည်တော် ဇန်နဝါရီ
၂၂
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းသည် ချီလီနိုင်ငံသမ္မတဟောင်းမစ္စတာရီကာဒိုလားဂိုစ့်
ခေါင်းဆောင်သော ကမ္ဘာ့ခေါင်းဆောင်များ မဟာမိတ်အဖွဲ့ (Madrid) အား ယနေ့ နံနက် ၉ နာရီတွင်
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ
ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ
တက်ရောက် ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment