Saturday, January 23, 2016

လုံခြုံစိတ်ချရသော သွေးသွင်းကုသမှုများအား မြို့ကြီးများသာမက တိုင်းဒေသကြီး၊ပြည်နယ်များတွင်လည်း ဆောင်ရွက်ရန်လိုအပ်



ရန်ကုန် -ဇန်န၀ါရီ ၂၃

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်သည် ကျန်းမာရေး ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်  ပါမောကဒေါက်တာသက်ခိုင်ဝင်း နှင့် တာဝန်ရှိသူများ လိုက်ပါ ယနေ့နံနက်(၉)နာရီတွင် ဒဂုံမြို့နယ်၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန သို့သွားရောက် ၀န်ထမ်းများနှင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲအခမ်းအနားတွင် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာနမွှန်ကြားရေးမှူး ပါမောကဒေါက်တာဌေးဌေးတင်က အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန၏ ဖွဲ့စည်းပုံ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပညာရပ်ဆိုင်ရာ သဘောတူညီချက်ဖြင့် ပူးပေါင်းဆောင်ရွက်မှု ဗဟို/တိုင်း/ပြည်နယ် များရှိဆေုးံးများသို့ ဓါတ်ခွဲစစ်ဆေးမှု အရည်အသွေးပြည့်မှီနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်နေမှုများ၊ ဗဟိုအဆင့် ရည်ွှန်းပြုဓါတ်ခွဲခန်း အဖြစ်ရပ်တည်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ပြည်သူလူထု၏ ကျန်းမာရေးအား စောင့်ရှောက်မှုပေးရာတွင် ဓါတ်ခွဲခန်းသည် အရေးကြီးပါကြောင်း ကျန်းမာရေးဌာနမှ ဓါတ်ခွဲခန်းများအတွက် လိုအပ်သော Equipments များနှင့်ဓါတ်ခွဲခန်းသုံး Reagents များ ၀ယ်ယူရေးအတွက်ရန်ပုံငွေများ ခွင့်ပြုပေးခဲ့ပြီး၊ အရည်အသွေး ပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန်နှင့် ရောဂါရှာဖွေရေး စက်ကိရိယာများ ပြည့်စုံ စေရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း  အမျိုးသားကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာနသည် အမျိုးသား အဆင့်နှင့် အညီဓါတ်ခွဲစစ်ဆေးရန် လိုအပ်ပါကြောင်း အချို့ဓါတ်ခွဲစစ်ဆေးမှုများအား နိုင်ငံခြားသို့ သွားရောက်စစ်ဆေးရသည့်အတွက် ငွေကြေးကုန်ကျမှု များပါကြောင်း သို့ဖြစ်ပါနိုင်ငံခြားသို့ သွားရောက်စစ်ဆေးရမည့် ဓါတ်ခွဲစစ်ဆေးမှု များအား ပြည်တွင်းတွင် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရန်စီစဉ်ရန် လိုအပ်ပါကြောင်း ဇီဝလုံခြုံမှုအဆင့်မြင့် ဓါတ်ခွဲခန်းများအဖြစ် ဆောင်ရွက်ရန်မှာကြားပြီး ရောဂါရှာဖွေရေးဌာနနှင့် ဓါတ်ခွဲစစ်ဆေးသူ သင်တန်းကျောင်းရှိ လက်တွေ့ခန်း အားလှည့်လည် ကြည့ှ်ုစစ်ဆေးသည်။

ယင်းနောက်ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြန်လည် လွှဲပြောင်းပေးအပ် အမှတ်(၁၁) အရှေ့ဈေးလမ်း၊ ဒဂုံမြို့နယ်ရှိ အဆောက်အဦးနှင့် မြေနေရာအား ကြည့ှ်ုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ထို့နောက် ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ အမျိုးသားသွေး ဌာနသို့ သွားရောက်ကြည့ှ်ုရာ အမျိုးသားသွေးဌာနမွှန်ကြားရေးမှူး ဒေါက်တာ သီတာအောင်မှ ၀န်ထမ်းဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု များအား ရှင်းလင်းတင်ပြခြင်း COMPONENT ROON/Blood Stock Store နှင့် သွေးမှတစ်ဆင့် ကူးဆက်တတ်သော ရောဂါပိုးများကို စစ်ဆေးသည့် စက်များတပ်ဆင်ထားရှိမှုများကို ရှင်းလင်း ပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကြည့ှ်ုစစ်ဆေးခဲ့ပြီး လုံခြုံစိတ်ချရသော သွေးသွင်းကုသမှုများ အားမြို့ကြီးများတွင် သာမက တိုင်းနှင့်ပြည်နယ်များတွင်လည်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

No comments:

Post a Comment