နေပြည်တော် ဇန်န၀ါရီ ၁၃
မိမိနိုင်ငံပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင်
လွန်စွာအရေးကြီးသည့် သမိုင်းသစ် ခြေလှမ်းတစ်ခုဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို
စတင်နေပြီဖြစ်ကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် တိုင်းပြည်မတည်မငြိမ်ဖြစ်ခဲ့ရာမှ ယခုအခြေအနေ
ရောက်အောင် ကြိုးစားအားထုတ်ခဲ့ရခြင်းဖြစ်၍
မိမိတို့များစွာမျှော်လင့်ထားကြောင်း၊ ယင်းမှာ ပထမခြေလှမ်းဖြစ်ပြီး ဆက်လက်လုပ်ဆောင်ရန်
များစွာရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရ
င့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ဥရောပသမဂ္ဂအဖွဲ့ရုံးမှ
သံအမတ်ကြီး H.E. Mr. Roland Kobia ကို လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြား သည်။
တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှု
လုပ်ငန်းစဉ်များတွင် အီးယူ၏ပါဝင် လုပ်ဆောင်နေမှုများ၊ EU-မြန်မာ တပ်မတော်ဆိုင်ရာ ဆက်ဆံရေး
အခြေအနေများ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အခြေအနေများနှင့် ဘာသာရေးကို အခြေခံသည့်
နိုင်ငံတကာပြဿနာများအား ဆွေးနွေးကြသည်။
(မြ၀တီ)
No comments:
Post a Comment