Wednesday, January 13, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့ကျင်းပ


နေပြည်တော် ဇန်နဝါရီ  ၁၃
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယနေ့ကို ယနေ့နံနက် (၉)နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ဆက်လက် ကျင်းပသည်။

အဆိုပါညီလာခံသို့ အစိုးရကိုယ်စားလှယ်များအစုအဖွဲ့၊ လွှတ်တော်များမှ ကိုယ်စားလှယ်များအစုအဖွဲ့၊ တပ်မတော်မှ ကိုယ်စားလှယ်များအစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အစုအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအစုအဖွဲ့၊ တိုင်းရင်းသားကိုယ်စားလှယ်များအစုအဖွဲ့နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများအစုအဖွဲ့တို့မှ ကိုယ်စားလှယ်များတက်ရောက်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်စသည့် ကဏ္ဍကြီး(၅)ခုနှင့် စပ်လျဉ်း၍ ဆွေးနွေးအဆိုပြုကြသည်။
ထိုသို့ဆွေးနွေးရာတွင် အစုအဖွဲ့များအလိုက်  နိုင်ငံရေးကဏ္ဍတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုဆိုင်ရာကိစ္စရပ်များ၊ လူမှုရေးကဏ္ဍတွင် ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များအနက်မှ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ၏ကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍတွင် အခွန် ကောက်ယူခြင်းနှင့် ပြန်လည်ခွဲဝေခြင်းဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးကဏ္ဍတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအခြေခံသင့်သည့်မူများ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍတွင် သဘာဝသယံဇာတဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment