Wednesday, January 20, 2016

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် သြစတြီးယားနိုင်ငံမှ Four Paws International ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် ဖြစ်သူ Mr. Helmut Dungler နှင့်အဖွဲ့အား တွေ့ဆုံ



နေပြည်တော် ဇန်န၀ါရီ ၂၀ 
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဦးလှမြင့်ဦးသည် သြစတြီးယားနိုင်ငံမှ Four Paws International ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်  Mr. Helmut Dungler နှင့်အဖွဲ့အား ဇန်န၀ါရီ(၂၀)ရက် ညနေ(၄)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် Mr. Helmut Dungler နှင့်အဖွဲ့က သဘာဝ ဘေးအန္တရာယ် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီမှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများ၊ ဆင်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ရှင်သန်နိုင်မှု အစီအစဉ်များ၊ ခွေးရူးပြန် ရောဂါကာကွယ်ရေး ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး လွှတ်တော်များအနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေကို ၂၀၁၂ ခုနှစ်ကပင် ပြဋ္ဌာန်းခဲ့ပြီး သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များကို အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း ရှေ့တွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေး စေလိုကြောင်းနှင့် ကူညီဆောင်ရွက်မှုများ အတွက် ကျေးဇူးတင်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့် ပြည်သူ့လွှတ်တော် ကော်မတီ အတွင်းရေးမှူးများ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment