လဟယ် ဇန်န၀ါရီ ၁၄
နိုင်ငံတော် သမ္မတ၏ နာဂဒေသ ခရီးစဉ်တွင်
အဖွဲ့ဝင်များအဖြစ် လိုက်ပါလာ သော ပြည်ထောင်စုဝန်ကြီး
ဦးလှထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဒေါက်တာသန်းအောင်၊
ဦးရဲထွဋ်၊ ဒုတိယ၀န်ကြီး ဦးသန့်ရှင်းနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းတွင်
လဟယ်မြို့ စာရာမေရိ အားကစား ခန်းမ၌ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ နာဂ ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးရှုစံကြူး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးရူစံကြူးက
ဒေသဖွံ့ဖြိုးရေး အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံ ပြည်သူ တစ်ဦးက
ဒေသ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရှင်းလင်း တင်ပြချက်များနှင့်
စပ်လျဉ်း၍ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းက
ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေး
မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ၀န်ကြီးများသည် လဟယ်ဆေးရုံ
ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများကို လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
No comments:
Post a Comment