နေပြည်တော် ဇန်နဝါရီ ၁၄
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယနေ့ကို
နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန -၂ ၌ ဆက်လက် ကျင်းပလျက်ရှိပြီး
ယနေ့ တွင် ကဏ္ဍအလိုက် ဆွေးနွေးမှုများကို စတင်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင် နိုင်ငံရေး ကဏ္ဍ၊
လုံခြုံရေး ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေး ကဏ္ဍ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍ ၅ခု အပေါ်
အစိုးရ အစုအဖွဲ့၊ လွှတ်တော် အစုအဖွဲ့၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အစည်း များ အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ တိုင်းရင်းသား အစုအဖွဲ့နှင့်
ပါဝင်သင့် ပါဝင် ထိုက်သူများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် အစုအဖွဲ့များက
အစုအဖွဲ့ အလိုက် ပြုစုထားသည့် စာတမ်းများနှင့် သဘောထားများကို ဖတ်ကြားတင်သွင်း ကြသည်။
ထို့နောက် တင်သွင်းထားသည့် သဘောထား တင်ပြချက်များအပေါ်
အစုအဖွဲ့ များက ပြန်လည်ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် အကျိုးဆောင်အဖွဲ့မှ
ကဏ္ဍအလိုက် ဖတ်ကြား တင်သွင်းခဲ့သည့် အစုအဖွဲ့များ၏ တင်ပြဆွေးနွေး ချက်များကို စုစည်း၍
မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့ပြီး ကဏ္ဍအလိုက် အလှည့်ကျ သဘာပတိများက နိဂုံးချုပ် အမှာစကား
ပြောကြား၍ ယနေ့ ပြုလုပ်သည့် တတိယနေ့ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား
ရုပ်သိမ်းခဲ့သည်။
ယနေ့ ဆွေးနွေးပွဲတွင် နိုင်ငံရေးကဏ္ဍ သဘာပတိ
အဖွဲ့ဝင်များအဖြစ် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင် တိုင်းရင်းသား ရေးရာဝန်ကြီး
ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်စိုး၊ အမှတ် ၁၁ တပ်မတော်
တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်တင့်လွင်၊ ပအိုဝ်းအမျိုးသား
လွတ်မြောက်ရေး အဖွဲ့မှ နာယက ဦးခွန်ဥက္ကာ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ ဦးမန်းအောင်ပြည်စိုးတို့က
လည်းကောင်း။
လုံခြုံရေးကဏ္ဍ သဘာပတိ အဖွဲ့ဝင် များအဖြစ်
ဦးခင်ရီ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်၊ အမှတ်(၃) တပ်မတော် တန်းမြင့်
လေ့ကျင့်ရေး ကျောင်းမှ ဗိုလ်မှူးချုပ်ဝင်းမိုး၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက် တစ်တပ်ဦး(ABSDF)မှ ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဒေါက်တာ
မနမ်တူးဂျာ၊ စီးပွားရေးကဏ္ဍ သဘာပတိ အဖွဲ့ဝင်များအဖြစ် ဥပဒေဆိုင်ရာ နိုင်ငံတော် သမ္မတအကြံပေး
ဦးစစ်အေး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းမြအောင်၊ အမှတ (၈) တပ်မတော်
တန်းမြင့် လေ့ကျင့်ရေး ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နေဝင်းအောင်၊ သျှမ်းပြည်
ပြန်လည် ထူထောင်ရေး ကောင်စီမှ အကြံပေး စိုင်းခွမ်မိန်း၊ ခေတ်သစ် ပြည်ထောင်စု ပါတီမှ
ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းတို့က လည်းကောင်း။
လူမှုရေးကဏ္ဍ သဘာပတိ အဖွဲ့ဝင်များအဖြစ် ပဲခူး
တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျူပလီစံလှ၊ စစ်ကိုင်း
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းစိန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်
ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ဗဟိုအလုပ်အမှုဆောင်
အဖွဲ့ဝင် ပဒိုစောရော်ဂျာခင်၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)မှ ဥက္ကဋ္ဌ
ဦးဖိုးရယ်တို့က လည်းကောင်း။
မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍတွင် သဘာပတိ
အဖွဲ့ဝင်များအဖြစ် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး
ဦးစောထွန်း အောင်မြင့်၊ မန္တလေး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးပြည်ဝင်း၊
အမှတ်၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အောင်သိန်း
ဦး၊ ကရင် အမျိုးသားအစည်းအရုံး၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU
KNLA/PC) မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နော်ကပေါ်ထူး၊ ချင်းတိုးတက်ရေး ပါတီမှ ဥက္ကဋ္ဌ
ဦးနိုထန်ကပ်တို့က လည်းကောင်း ဆောင်ရွက်ကြသည်။
No comments:
Post a Comment