နေပြည်တော် ဇန်န၀ါရီ ၁၄
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဒေါက်တာ စိုင်းမောက်ခမ်း သည် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒုတိယ ၀န်ကြီးများနှင့်အတူ
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ မြန်မာ အမျိုးသား လေကြောင်းဖြင့် ထွက်ခွာပြီး ကယားပြည်နယ်
လွိုင်ကော်လေဆိပ်သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ် လွှတ်တော်
ဒုတိယ ဥက္ကဋ္ဌ ဦးအေးမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိများနှင့်
ဒေသခံများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယ သမ္မတနှင့် အဖွဲ့သည် လွိုင်ကော်မြို့
ခုတင်(၅၀၀)ဆံ့ပြည်သူ့ ဆေးရုံကြီးသို့ရောက်ရှိကြပြီး အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊
သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် လွိုင်ကော် ပြည်သူ့ဆေးရုံ
ဆေးရုံအုပ်ကြီးက ဆေးရုံကြီး၏ သမိုင်းကြောင်း၊ လက်ရှိ တာဝန် ထမ်းဆောင်နေသည့် ၀န်ထမ်းအင်အား၊
ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှု၊ ခုတင်(၅၀၀)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်
ထားရှိမှု၊ တိုးချဲ့ အဆောက်အဦများ ဆောက်လုပ်နေမှုနှင့် ဆေးရုံကြီး၏ လိုအပ်ချက် များကို
ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဒေါက်တာဝင်းမြင့်က တင်ပြ ချက်များနှင့် စပ်လျဉ်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အခြေအနေများကို
ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယ သမ္မတက ဆေးရုံကြီး၏ လိုအပ်ချက်
ရှိသည်များကို ဖြည့်ဆည်း ပေးရန်၊ ၀န်ထမ်းများနှင့် တွေ့ဆုံရန် အတွက် လာရောက်ခြင်း ဖြစ်ကြောင်း၊
နိုင်ငံတော် အနေဖြင့် ကျန်းမာရေး ကဏ္ဍအတွက် ဘတ်ဂျက်များကို တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးမြှင့်
သုံးစွဲလျက် ရှိကြောင်း၊ ကျန်းမာရေး ၀န်ကြီးဌာနသည် အခြားသော ၀န်ကြီးဌာန များနှင့် နှိုင်းယှဉ်ပါက
ဘတ်ဂျက် သုံးစွဲမှုတွင် အဆင့် ၇ နေရာတွင် ရှိကြောင်း၊ ကျန်းမာရေး ၀န်ထမ်း အင်အားကိုလည်း
ဖွဲ့စည်းပုံအတိုင်း လိုအပ်ချက် ရှိပါက ခန့်အပ်ရန် ခွင့်ပြု ပေးထားကြောင်း၊ ၀န်ထမ်းများ
အနေဖြင့်လည်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန်နှင့် အရည်အချင်း ပြည့်ဝနေရန်
လိုအပ်ကြောင်းပြော ကြားသည်။
ထို့နောက် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက
နိုင်ငံတော် အနေဖြင့် ကျန်းမာရေး နှင့် ပညာရေး ကဏ္ဍတို့တွင် ဦးစားပေး ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှု
အခြေအနေကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယ သမ္မတသည် လွိုင်ကော်မြို့
ခုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးတွင် (၂) ထပ် တိုးချဲ့ဆောင်သစ် ဆောက်လုပ်နေမှုနှင့်
ဆေးရုံကြီး၌ တက် ရောက်ကုသမှု ခံယူနေသည့် လူနာများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့်
အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယ သမ္မတနှင့် အဖွဲ့သည်
ကွန်ပျူတာ တက္ကသိုလ် (လွိုင်ကော်) သို့ ရောက်ရှိပြီး လွိုင်ကော် တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်
(လွိုင်ကော်)၊ ကွန်ပျူတာ တက္ကသိုလ် (လွိုင်ကော်)နှင့် လွိုင်ကော် ပညာရေး ကောလိပ်တို့မှ
ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် တက္ကသိုလ်နှင့် ကောလိပ်
အသီးသီးတို့မှ ပါမောက္ခချုပ်နှင့် ကျောင်း အုပ်ကြီးများက တက္ကသိုလ်၊ ကောလိပ်များ၏ သမိုင်းကြောင်း၊
ဝန်ထမ်းအင်အား ဖွဲ့စည်းပုံ၊ ကျောင်းသား ကျောင်းသူအင်အား၊ သင်ကြား ပို့ချသည့် အဓိကဘာသာရပ်
များ၊ အဆောက်အဦ၊ လျှပ်စစ်၊ မီး၊ ရေ ရရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်း
တင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ သိပ္ပံနှင့်
နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ်က ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့်
အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတက တင်ပြချက် အသီးအသီးအပေါ်
အချိန်တိုအတွင်း ဖြည့်ဆည်း ပေးနိုင်သည်များကို အမြန်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊
ပညာရေး ကဏ္ဍတွင် အရေးအသွေးပြည့်မီသည့် ပညာရေးစနစ်ဖြစ်ရန် လိုအပ်ကြောင်း၊ သို့မှသာ တိုင်းပြည်၏
ပညာရေးအဆင့်အတန်းမြင့်မားလာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊
ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍ သည် အရေးကြီးပါကြောင်း၊ နိုင်ငံတော် အနေဖြင့်လည်း ပညာရေးကဏ္ဍ
လိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့်ဆည်း ပေးနေပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက
နိုင်ငံတော် အနေဖြင့် ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက် မြင့်မား စေရေးအတွက် ဘတ်ဂျက် တိုးမြှင့်သုံးစွဲမှု
အခြေအနေ၊ အခြေခံပညာဆရာ၊ ဆရာမများတိုးမြှင့် ခန့်ထားနိုင်ရေးအတွက် ဆောင်ရွက်ပေးမှု အခြေ
အနေ၊ ကျောင်းသား ကျောင်းသူများအား ပညာသင်ဆုများ ထောက်ပံ့ပေးနေမှု အခြေ အနေ၊ နယ်စပ်ဒေသများတွင်
ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယ သမ္မတသည် အခမ်းအနားသို့
တက်ရောက် လာကြ သည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ညပိုင်းတွင် ဒုတိယ သမ္မတနှင့်အဖွဲ့သည်
ကယားပြည်နယ် အစိုးရအဖွဲ့မှ တည်ခင်း ဧည့်ခံသည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြု
ညစာစားပွဲသို့ တက် ရောက်သည်။

No comments:
Post a Comment