နေပြည်တော် ဇန်န၀ါရီ ၁၄
ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်
ပုံမှန်အစည်းအဝေး ၂၄ ရက် မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်
အဆောက်အအုံ အမျိုးသား လွှတ်တော် အစည်းအဝေး ခန်းမ၌ကျင်းပရာ မေးခွန်းတစ်ခု မေးမြန်း ဖြေကြားခြင်း၊
နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းအား အတည် ပြုခြင်း၊
ပထမအကြိမ် အမျိုးသား လွှတ်တော် သက်တမ်း ကာလများအတွင်း လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာအား
အတည်ပြုခြင်းနှင့် ပထမအကြိမ် အမျိုးသား လွှတ်တော် ပုံမှန် အစည်းအဝေး ကာလများအတွင်း လုပ်ငန်းဆောင်ရွက်မှု
အစီရင်ခံစာများအား ဖတ်ကြား တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ယနေ့ အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်
အမှတ်(၁)မှ ဦးကျွန်ခဲန်း၏ “ကလေးမြို့နယ် ထောက်ကြံ့ကျေးရွာ အနောက်ဘက် ၀က်ခေါင်း တောင်ကုန်းအောက်
ခြေမှ ဖလမ်းမြို့နယ် ဗာရ်တံတားအထိ လိုဏ်ဂူဖောက်လုပ်ပြီး ရထားနှင့် ကားပြေးဆွဲ ပေးရန်အစ်ီအစဉ်
ရှိ/မရှိ”
မေးခွန်းနှင့်စပ်လျဉ်း၍ ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမြင့်သိန်းက
ထောက်ကြံ့ဘူတာမှ ဗာရ်တံတား အနီးကွင်းပြင်သို့ ဦးတည်၍ ဥမင်လိုဏ် ဖောက်လုပ်ပါက (၂၁ ဒသမ
၇၅)မိုင်ကွာဝေးမည်ဖြစ်ပြီး အနိမ့်အမြင့်ကွာခြား မှုပေ (၆၉၀) ပေခန့် ရှိသည့်အပြင် ဥမင်အတွင်း၌
ရထားလမ်း ဖောက်လုပ်ရာတွင် ရေပြင်ညီ အနေအထားဖြင့်သာ ဖောက်လုပ် နိုင်သောကြောင့် ယခုလမ်းအား
ဖောက်လုပ်ပါက တောက်လျှောက် အတက်ဆင်ခြေလျော (၁ အချိုး ၁၆၆)ရှိမည်ဖြစ်ပါသဖြင့် နည်းပညာ
ပိုင်းအရ ကားလမ်းအတွက် ပြဿနာမရှိသော်လည်း ရထားများအတွက် တောက်လျှောက် အတက် (၁ အချိုး
၁၆၆)ဖြင့် အလျား (၂၁ ဒသမ ၇၅)မိုင်ခန့် မောင်းတက်ရန် မဖြစ်နိုင်ပါကြောင်း။
မြန်မာ့ မီးရထားအနေဖြင့် ပုံတောင်-ပုံညာ
ဥမင်လမ်းပိုင်း အရှည်တစ်မိုင်ကို ၁၀ နှစ် နီးပါးကြာအောင် ဖောက်လုပ်ခဲ့ရပြီး စုစုပေါင်း
ကုန်ကျငွေ ကျပ်သန်းပေါင်း (၂၂၄၅)သန်း ကျော် ကုန်ကျခဲ့ပါကြောင်း၊ ဗာရ်တံတားအထိ ဥမင်အလျားသည်
အနည်းဆုံးမိုင် (၂၀)ခန့် ဖောက်လုပ်ရမည် ဖြစ်၍ ကုန်ကျစရိတ် အလွန်များပြားမည် ဖြစ်သောကြောင့်
ဖောက်လုပ် ရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။
ယင်းနောက် အမျိုးသား လွှတ်တော် ဥပဒေကြမ်း
ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဥာဏစိုးက ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့
လာသော နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေး ဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍
ဥပဒေကြမ်း ကော်မတီ၏ စိစစ်တင်ပြခြင်း အစီရင်ခံစာကို ဖတ်ကြားတင် သွင်းသည်။
ထို့နောက် လွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်၏ သဘောထားကို ရယူ၍ အတည်ပြုသည်။
ထို့နောက် အမျိုးသားလွှတ်တော် နိုင်ငံသားများ၏
မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့ အခွင့်အရေးဆိုင်ရာ ကော်မတီဝင်က ပထမအကြိမ်
အမျိုးသား လွှတ်တော် သက်တမ်း ကာလများအတွင်း လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို အဆိုတင်သွင်းရာ
လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထား ရယူ၍ အတည်ပြုသည်။
ဆက်လက်၍ တောင်သူလယ်သမားနှင့် အလုပ်သမား
အကျိုးစီးပွား မြှင့်တင်ရေး ကော်မတီနှင့် နိုင်ငံတကာ
ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး ကော်မတီတို့မှ ကော်မတီဝင်များက ပထမအကြိမ် အမျိုးသား လွှတ်တော် ပုံမှန် အစည်းအဝေး
ကာလများအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံ စာများကို ဖတ်ကြား တင်သွင်းကြသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက ယင်းအစီရင်ခံ
စာများနှင့် စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း
ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။

No comments:
Post a Comment