နေပြည်တော် ဇန်န၀ါရီ ၅
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် အစီအစဉ်(၁၀)ခု ဖြင့်ကျင်းပရာ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ
ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့်
ဥပဒေကြမ်းပူးပေါင်းကော်မတီတို့၏ အစီရင်ခံစာများ ဖတ်ကြားခြင်း၊ ဥပဒေကြမ်း နှစ်ခု အတည်ပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ
ဥပဒေ ကြမ်း နှင့်စပ်လျဉ်း၍
ငွေကြေးဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာကို
ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး မင်းလှမဲဆန္ဒနယ်မှ ဦးမောင်တိုးက
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့်စပ်လျဉ်း၍
အခြေခံရေးဆွဲ သောနည်းလမ်း(Analytical
Method) ဆန်းစစ်ချက်နည်းဖြင့် ဆန်းစစ်ပါက လိုငွေသည် ငွေကျပ် ၅၃၀၂ ဘီလီယံဖြစ်ပြီး
လိုငွေနှင့် ဂျီဒီပီ(GDP) အချိုးသည် ၆ ဒသမ ၃၀ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊
နိုင်ငံတော်၏ လက်ရှိအခြေအနေ အရပ်ရပ်ကို သုံးသပ်ပါ က ဘတ်ဂျက်လိုငွေကို ပြည်ထောင်စုလွှတ်တော်အနေဖြင့်
လျှော့ချ ခွင့်ပြုသင့်ပါကြောင်း။
နိုင်ငံ၏ စီးပွားရေးကို အရှိန်အဟုန်ဖြင့်
တိုးတက်စေရန် မျှော်မှန်း၍ နှစ်စဉ်ဘတ်ဂျက် ရေးဆွဲရာ၌ လိုငွေဘတ်ဂျက်စနစ်ဖြင့် ပြည်ထောင်စု၏
အရအသုံးခန့်မှန်းခြေ ငွေစာရင်းကို ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရာတွင်
ဘတ်ဂျက်လိုငွေအား မည်ကဲ့သို့ ဖြည့် ဆည်းမည်ကို လျာထားဖော်ပြ၍ လွှတ်တော်၏ အတည်ပြုချက်ကို
ရယူရန် လိုအပ်ပါ ကြောင်း။
နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏
အခြေအနေအရပ်ရပ်ကို ပြည်ထောင်စု လွှတ်တော်သို့ ပြည့်စုံစွာတင်ပြထားရန် လိုအပ်သည့်အပြင်
နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့ အစည်းများကို နိုင်ငံတော်ဘတ်ဂျက်၌ ထည့်သွင်းရေးဆွဲမှုမပြုရန်နှင့်
စီးပွားရေးဆန်ဆန် ဆောင်ရွက်ရေးအတွက် စီမံချက်ရေးဆွဲတင်ပြ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ရငွေသုံးငွေများစိစစ်ရေး ပူးပေါင်းအဖွဲ့
(၁၉)ဖွဲ့မှ လျှော့ချခွင့်ပြုရန် အဆိုပြုသည့် ငွေကျပ် ၃၇၅၀၉ ဒသမ ၉၇၅ သန်းကို ပြည်ထောင်စုလွှတ်တော်မှ
အတည်ပြုပါက ပြည်ထောင်စု၏ လိုငွေသည် မူလလျာထားသည့်
ငွေကျပ် ၃၉၂၂၂၇၄ ဒသမ ၃၄၃ သန်းမှ ငွေကျပ် ၃၈၈၄၇၆၄ ဒသမ ၃၆၈ သန်းသို့ ပြောင်းလဲသွားမည်ဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီ အချိုး
သည် မူလလျာထားသည့် ၄ ဒသမ ၆၆ ရာခိုင်နှုန်းမှ ၄ ဒသမ ၆၁ ရာခိုင်နှုန်းသို့ ပြောင်းလဲသွားမည်ဖြစ်ပါကြောင်း
စသဖြင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘော ထားမှတ်ချက်ကို ဖတ်ကြားတင်ပြသည်။
အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍
ဥပဒေဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာကို
ဥပဒေ ကြမ်းပူးပေါင်းကော်မတီ
အတွင်းရေးမှူး ချောင်းဦးမဲဆန္ဒနယ်မှ ဦးစောလှထွန်းက ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏
ထောက်ခံတင်ပြချက်အရ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းအပေါ် စိစစ်ရေးပူး
ပေါင်းအဖွဲ့များမှ လျှော့ချခွင့်ပြုရန် အဆို ပြုသည့် ငွေကျပ် ၃၇၅၀၉ ဒသမ ၉၇၅ သန်းကို
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပါက ပြည်ထောင်စု၏ လိုငွေသည်
မူလလျာထားသည့် ငွေကျပ် ၃၉၂၂၂၇၄ ဒသမ ၃၄၃ သန်းမှ ငွေကျပ် ၃၈၈၄၇၆၄ ဒသမ ၃၆၈ သန်းသို့ ပြောင်းလဲသွားမည်ဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီ အချိုး
သည် မူလလျာထားသည့် ၄ ဒသမ ၆၆ ရာခိုင်နှုန်းမှ ၄ ဒသမ ၆၁ ရာခိုင်နှုန်းသို့ ပြောင်းလဲ သွားမည်ကို
စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဥပဒေကြမ်းပူးပေါင်းကော်မတီအနေဖြင့်
ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ဖြည့်စွက် ချက်များကို
ပြည်ထောင်စုလွှတ်တော်က အတည်ပြုသင့်ပါကြောင်း ဖတ်ကြားတင်ပြသည်။
၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍
မူ နှင့် အခြေခံသဘောများ၊ ရငွေသုံးငွေများ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်
ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့
သဘောကွဲလွဲသော အချက် (၁၆)ချက်ရှိသည့် ဘဏ် နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကြမ်း
နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်က တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏
အဆုံးအဖြတ် ရယူအတည်ပြုရာ၌ ပြည်သူလွှတ်တော်၏ အတည်ပြုချက် (၁၂)ချက်နှင့် အမျိုးသား
လွှတ်တော်၏ အတည်ပြုချက် (၄)ချက်တို့ကို အတည်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက
လွှတ်တော်၏ ဥပဒေ၊ နည်းဥပဒေများ အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့်
ပြန်လည်ပေးပို့လာ သည့် ရာဇသတ်ကြီးကို ပြင်ဆင်သည့်
ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ
ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များအတိုင်း
အတည်ပြုသည်။
(သတင်းစဉ်)

No comments:
Post a Comment