Tuesday, January 5, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ဆိုင်ရာဘရာဇီးနိုင်ငံ သံအမတ် ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်  ဇန်နဝါရီ ၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌   မြန်မာနိုင်ငံ ဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီး  H.E. Mr. Alcides G. R. Prates  အား လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်လျှောက်လှမ်းမှုတွင် အထောက်အကူပြုနိုင်ရန် နှစ်နိုင်ငံအတွေ့ အကြုံများ ဖလှယ်၍ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း စသည်ဖြင့် ပူးပေါင်းဆောင်ရွက် နိုင်သည့်နယ်ပယ်များတွင် အရှိန်တိုးမြှင့် လုပ်ဆောင်ရေး၊ တပ်မတော်နှစ်ရပ်အကြား ဆေးပညာရပ် ဆိုင်ရာ၊ အားကစား၊ စိုက်ပျိုးရေး ကဏ္ဍများနှင့်အခြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်  ရေးတို့အား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(မြ၀တီ)
           


No comments:

Post a Comment