Thursday, January 14, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ရုံးသစ် ဖွင့်ပွဲနှင့် ကျလွေချောင်း ရေအားလျှပ်စစ် စက်ရုံဖွင့်ပွဲ အခမ်းအနားတို့သို့ တက်ရောက်




လဟယ် ဇန်န၀ါရီ ၁၄
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဒေါက်တာသန်းအောင်၊ ဦးရဲထွဋ်၊ မန္တလေး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့သို့ မြန်မာအမျိုးသား လေကြောင်း လိုင်းဖြင့် ရောက်ရှိရာ စစ်ကိုင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ အနောက်မြောက် တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့အား ဟုမ္မလင်းမြို့ ချင်းတွင်းရိပ်သာ၌ တာဝန် ရှိသူများက နိုင်ငံတော် သမ္မတ၏ ၂၀၁၅ ခုနှစ် ဧပြီ ၆ ရက်မှ ၈ ရက်အထိ ခရီးစဉ်အတွင်း ညွှန်ကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြကြရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတက ဟုမ္မလင်းမြို့တွင် ၀ိဇ္ဇာ ၊ သိပ္ပံ ကောလိပ်များ ဖွင့်လှစ်ရေး၊ စိုက်ပျိုးရေး သင်တန်းကျောင်း၊ လူငယ် သင်တန်းကျောင်း၊ အမျိုးသမီး အိမ်တွင်း မှု သင်မွေးလုပ်ငန်း သင်တန်းကျောင်းများ ဖွင့်လှစ် နိုင်ရေးနှင့် မြို့နယ် အတွင်း ရော်ဘာနှင့် လက်ဖက် စိုက်ပျိုးမှု တိုးချဲ့ရေးတို့နှင့် ပတ်သက်၍ မှာကြားသည်။
ယင်းနောက် နိုင်ငံတော် သမ္မတ အား ဟုမ္မလင်း မြို့ပေါ်ရှိ ရှမ်းနီ၊ နာဂနှင့် ချင်း တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက နာဂရိုးရာ ဂျတ်ခုတ်စောင်၊ ချင်းရိုးရာ အနွေးထည်၊ ရှမ်းနီရိုးရာ ခေါင်းပေါင်းနှင့် စလွယ်ဓားတို့ကို ၀တ်ဆင်ပေးကြပြီး စုပေါင်း၍ အမှတ်တရ ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည် ဟုမ္မလင်းမြို့မှ ခန္တီးမြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိကြပြီး ရဟတ်ယာဉ်များဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့ ဆက်လက်ထွက်ခွာကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် လဟယ်မြို့သို့ ရောက်ရှိကြ ရာ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးရူစံကြူးနှင့် နာဂတိုင်းရင်းသား များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် လဟယ်မြို့ရှိ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးအသစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။
ဖွင့်ပွဲ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးနှင့် ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးရူစံကြူးတို့က ဦးစီးအဖွဲ့ ရုံး အသစ်ကို ဖဲကြိုးဖြတ် ၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတက နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး အသစ် ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော် သမ္မတသည် ရုံးအသစ် ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသားများနှင့် အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ပြီး ရုံး အဆောက်အအုံသစ် အတွင်း လှည့်လည် ကြည့်ရှုသည်။
နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည် လဟယ်မြို့ ကျလွေချောင်း အသေးစား ရေအား လျှပ်စစ်စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးရူစံကြူးနှင့် နာဂဒေသ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က ကျလွေချောင်း အသေးစားရေအား လျှပ်စစ်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို  ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတက စက်ရုံမုခ်ဦးကို  စက်ခလုတ်နှိပ် ဖွင့်လှစ်ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဓာတ်အားပေး ခလုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး သည်။
ဆက်လက်ပြီး ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ စက်ရုံ တည်ဆောက်သည့် ထက်ကုမ္ပဏီမှ တာဝန်ရှိသူတို့က စက်ရုံ ဖွင့်လှစ် တည်ဆောက်မှုနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး နာဂဒေသခံ ပြည်သူတစ်ဦးက ကျေးဇူး တင်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည် ကျလွေချောင်း အသေးစားရေအား လျှပ်စစ်စက်ရုံကို လှည့်လည်ကြည့်ရှု ကြသည်။ 

No comments:

Post a Comment