ပြန်ကြားရေးဝန်ကြီးဌာနသည်
ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို
အမိန့်ကြော်ငြာစာ အမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့် ခွဲရေးကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း
အသိအမှတ်ပြု လက်မှတ်အသစ်လျှောက် ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ
မှတ်ပုံတင် ဥပဒေအရ ထုတ်ပေး ထားသည့် မှတ်ပုံတင်သက်သေခံ လက်မှတ်ရရှိထားသူများ၏ သက်တမ်းတိုး
လျှောက်ထားခြင်း၊ လုပ်ငန်း အမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ထုတ်ဝေသူအမည်ပြောင်း လျှောက်ထားခြင်းတို့ကို
စီမံခန့် ခွဲရေးကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးခဲ့ရာ
(၈-၁-၂၀၁၆)ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီး ဌာနစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင်
ပုံနှိပ်သက်တမ်းတိုး လျှောက်ထားသူ (၁)ဦး ၊ ပုံနှိပ် လုပ်ငန်းအသစ် လျှောက် ထားသူ (၂)ဦး
၊ ထုတ်ဝေခွင့်အတွက် အသစ်လျှောက်ထားသူဂျာနယ်
ထုတ်ဝေခွင့် (၅) ဦး၊ မဂ္ဂဇင်း ထုတ်ဝေခွင့် (၁)ဦး၊ အထွေထွေထုတ်ဝေခွင့် (၁၂)ဦး ၊ ပေါင်းလုပ်ငန်း
အသစ်(၁၈)ဦး၊ သတင်းအေဂျင်စီ(၁)ဦး တို့အား အသိအမှတ်ပြု လက်မှတ်များထုတ်ပေးရန်ခွင့်ပြု
ပေးခဲ့ပါသည်။ မှတ်တမ်းတင်ခြင်း တစ်ရပ်ကိုလည်း ဆောင်ရွက် ခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း
လုပ်ငန်း နည်းဥပဒေများ ပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှ စ၍ ယနေ့အထိ ပုံနှိပ် လုပ်ငန်း
အတွက်သက်တမ်းတိုး(၁၀၄၀)ဦး နှင့် အသစ်လျှောက်ထားသူ(၂၅၄)ဦး၊ ထုတ်ဝေခြင်း လုပ်ငန်း အတွက်
သက်တမ်းတိုး (၉၉၀)ဦး နှင့် အသစ်လျှောက်ထားသူ
(၆၇၅)ဦး ၊ သတင်းအေဂျင်စီ လုပ်ငန်းအသစ် လျှောက် ထားသူ (၂၅)ဦး ၊ စုစုပေါင်းပုံနှိပ်ခြင်း
၊ ထုတ်ဝေခြင်း နှင့် သတင်းအေဂျင်စီ လုပ်ငန်း အသိအမှတ်ပြု လက်မှတ် (၂၉၈၄)စောင် အားစိစစ်
ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါ သည်။
ပုံနှိပ်သက်တမ်းတိုးလျှောက်ထားသူ(၁)ဦး
နှင့် မဂ္ဂဇင်းအသစ်လျှောက်ထားသူ (၃)ဦး တို့အားအချက် အလက်များ စိစစ်ဆောင်ရွက် ဆဲဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်ပါ
သည်။
ပြန်ကြားရေးဝန်ကြီးဌာန
No comments:
Post a Comment