နှစ်သစ်နှုတ်ခွန်းဆက်အနေနဲ့ ၂ဝ၁၆ ခုနှစ်မှာ
မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ကြ ပါစေ၊ ငြိမ်းချမ်း နိုင်ကြ ပါစေ။
ပြည်နယ်အချို့မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်
တိုက်ပွဲတွေရပ်စဲပြီး ဒေသခံ ပြည်သူပြည်သားတွေ အားလုံး လည်းပဲ ငြိမ်းချမ်းနိုင်ကြပါစေ၊
အေးချမ်းနိုင်ကြပါစေ လို့ ဆန္ဒပြုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာကို
နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနေတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် လည်း
အောင်မြင်စေလိုပါတယ်။ အောင်မြင်ပါစေ လို့လည်း ဆုတောင်းပေးပါတယ်။ နောက်ဆုံး အနေနဲ့ က
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စအဝဝ တွေ ဒီထက်မက နှစ်သစ်မှာ
အောင်မြင် နိုင်ပါစေလို့ ဆန္ဒပြု ရင်း နှုတ်ခွန်းဆက်လိုပါတယ်။

No comments:
Post a Comment