နှစ်သစ်မှာ မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားအားလုံး
ချမ်းသာ ကိုယ်စိတ်မြဲကြပါစေ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများလည်း တရား ဥပဒေရဲ့ အကာအကွယ်ကို
ရရှိကြပါစေလို့ ဆုမွန်ခြွေ နှုတ်ခွန်းဆက် ပါတယ်၊ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့
အခါသမယတိုင်းမှာ
အတိတ် ကို ပြန်လည်သုံးသပ်ခြင်း၊ အနာဂတ်အတွက် မျှော်မှန်းချက်များ ချမှတ်ခြင်း၊ ပစ္စုပ္ပန်မှာ
ပြုပြင် ဆောင်ရွက်စရာရှိတာတွေကို ဆောင် ရွက်ခြင်းတို့ကို ထုံးစံအတိုင်း ပြုလုပ် ရမှာ
ဖြစ်ပါတယ်၊ မိမိတို့ရဲ့အနာဂတ် အတွက် ငြိမ်းချမ်း၊ သာယာ၊ ဖွံ့ဖြိုး ဝေစည်တဲ့ နိုင်ငံတော်သစ်ကို
ချမှတ် ရမှာ ဖြစ်ပါတယ်၊ အတိတ်အကြောင်း အရာတွေကို အခြေခံပြီးတော့ ဒီလိုပြုပြင် ပြောင်းလဲတဲ့
အခါမှာ အပိုင်းအားဖြင့် နှစ်ပိုင်းရှိပါ တယ်၊ တစ်ပိုင်းကနိုင်ငံသားတွေ ရဲ့အပိုင်းဖြစ်ပြီးတော့
တစ်ပိုင်းကတော့ ခေါင်းဆောင်ရဲ့ အခန်း ကဏ္ဍဖြစ်ပါ တယ်၊ နိုင်ငံသားတွေရဲ့အပိုင်းမှာ နိုင်ငံသားတွေဟာ
အဘက်ဘက်က ဘက်စုံ ဖွံ့ဖြိုးတိုး တက်ဖို့အတွက် ဆန္ဒပြင်းပြကြဖို့လိုအပ်ပါတယ်၊ မဖြစ် မနေ
ဆောင်ရွက် မယ် ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ နဲ့လည်း ကြီးမားကြရမှာ ဖြစ်ပါ တယ်။
ခေါင်းဆောင်ရဲ့ အခန်းကဏ္ဍမှာ နှစ်မျိုးနှစ်စား
ပြောနိုင်ပါတယ်၊ ဒါကတော့ ပထမတစ်မျိုးကတော့Spiritual Leadership ခေါ်တဲ့ စိတ်ဓာတ်ရေးရာ၊
သဘော တရားရေးရာ ခေါင်းဆောင်မှုဖြစ်ပါတယ်၊ Administrative Leadership ခေါ်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ
ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲ ရလဒ်အရ သူတက်ငါဆင်း အပြောင်းအလဲတွေရှိတတ်ပါတယ်၊ အဲဒီလို
နိုင်ငံတော်အတွက် လိုအပ်တဲ့ ခေါင်းဆောင်နဲ့ နိုင်ငံသားတို့ရဲ့ ဆန္ဒ၊ ဝီရိယ၊ ဝီမံသ၊ စိတ်ဓာတ်ဆိုတဲ့
အဓိပတိ(၄)မျိုး တပ်ပြီး ကြိုးပမ်းခြင်း အားဖြင့် နိုင်ငံတော်ကြီး အတွင်းမှာ ငြိမ်းချမ်းမယ်၊
သာယာမယ်၊ ဖွံ့ဖြိုး မယ်၊ ဝေစည်မယ်၊ အဘက်ဘက်က တိုးတက်မယ်၊ ဒါကြောင့် အဲဒီလို နိုင်ငံတော်ကြီး
အဖြစ် ရောက်ရှိပါစေလို့ ဆန္ဒခြွေ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။

No comments:
Post a Comment