Friday, January 1, 2016

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား



ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူ လူထုကြီး ခင်ဗျား၊ နိုင်ငံတော်တစ်ဝန်း တည်ငြိမ်အေးချမ်း မှသာ ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းဆောင်တာတွေ မှန်းသလောက် ခရီးပေါက်နိုင် မှာဖြစ်သလို၊ အခွင့်အရေးတန်းတူနဲ့ ကြိုးစားရင် ကြိုးစားသလောက် ညီညွတ် မျှတစွာ အားလုံးပါဝင်ခံစားခွင့်ရရှိမယ့် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင် မှသာ ရေရှည်တည် တံ့ခိုင်မြဲတဲ့ တည်ငြိမ်အေးချမ်းခြင်းကို ရရှိနိုင်မှာ ဖြစ်ပါ တယ်။

ရေရှည်တည်တံ့တဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကသာ စစ်မှန်တဲ့ ဒီမိုကရေစီရှင်သန်ခိုင်မာမှုကို အာမခံချက်ပေး နိုင်မှာဖြစ်ပါ တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှာ တည်ငြိမ်အေးချမ်းခြင်း မင်္ဂလာ၊ ဖွံ့ဖြိုးစည်ပင်ဝပြောခြင်း မင်္ဂလာ၊ ''မရှိတောင့်တရှိကြောင့်ကြ''ရတဲ့ ပူပန်သောကများ ကင်းဝေးခြင်း မင်္ဂလာ၊ ''တစ်ယောက်အတွက်အများ၊ အများအတွက်တစ်ယောက်'' စိတ်ဓာတ်နဲ့ တိုင်းရင်းသား ညီနောင်တွေ အကြား ရေကိုသားလို့ အကြားမထင်တဲ့ သွေးစည်းညီညွတ်ခြင်း မင်္ဂလာစတဲ့ မင်္ဂလာ အပေါင်းနဲ့ လာခြင်းကောင်းတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ။

No comments:

Post a Comment