စစ်တွေ ဇန်န၀ါရီ ၂၃
ရခိုင်ပြည်နယ် ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ) တိုးချဲ့စက်ရုံတည်ဆောက်
ရေးလုပ်ငန်းများ၊ တပ်ဆင်ပြီးစီးမှုနှင့် စက်စမ်းသပ်လည်ပတ်မှု အခြေအနေများကို ရခိုင်ပြည်နယ်
ခေတ္တ၀န်ကြီးချုပ် ဦးမြအောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည်
ယနေ့ နံနက်(၉)နာရီတွင် လာရောက်ကြည့်ရှု စစ်ဆေးရာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့်
တာဝန်ရှိသူ များက ပတ်လည်ပုံနှိပ်စက် တပ်ဆင်ပြီးစီးမှုနှင့် စက်စမ်းသပ် လည်ပတ်မှုအခြေအနေများ၊
တည်ဆောက်ရေးလုပ်ငန်းများနှင့် CTP (Computer to plate) လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို
ရှင်းလင်းတင်ပြကြသည်။
ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ)ကို ၂၀၀၃ ခုနှစ် သြဂုတ် ၂၆
ရက်က မကျည်းမြိုင်ရပ်ကွက်ရှိ ရမ္မာဝတီလမ်းနှင့် တက္ကသိုလ်လမ်းထောင့်တွင် စတင်ဖွင့်လှစ်
ခဲ့ပြီး မြန်မာ့အလင်း၊ ကြေးမုံ(အဖြူ/အမည်း) သတင်းစာများ ထုတ်ဝေခဲ့ရာမှ ၂၀၁၂ ခုနှစ်
နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်မှ ရိုက်နှိပ်ပေးပို့သည့် ရောင်စုံသတင်းစာများကို ဖြန့်ချိခဲ့သည်။
ယခုအခါ ရခိုင်ပြည်နယ်အတွင်း ရောင်စုံသတင်းစာ ပုံနှိပ်ထုတ်ဝေရန် ကိုယ်ပွားသတင်းစာတိုက်
(စစ်တွေ) တိုးချဲ့စက်ရုံကို စက်ရုံစုရပ်ကွက် ရမ္မာဝတီလမ်း တပ်ထိန်းဂိတ်အနီးတွင် တည်ဆောက်လျက်ရှိပြီး
မကြာမီဖွင့်လှစ်နိုင်ရေး ပြည်နယ် အစိုးရ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။



No comments:
Post a Comment