မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၊ ပထမအကြိမ်အသင်းဝင်များ
စုံညီတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ
အမျိုးသား အားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏ၌
ကျင်းပရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ
မြန်မာ့အားကစား လက်ရွေးစင်ဟောင်များ အသင်း ကော်မတီဥက္ကဌ ဦးနန္ဒကျော်စွာ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
ဒုတိယဥက္ကဌ အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းနှင့်
တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစား၊ယဉ်ကျေးမှုနှင့်
ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီရုံးအဖွဲ့မှူး ဦးခိုင်မောင်ရီနှင့် ဖိတ်ကြားထားသူများ၊
အလှူရှင်များနှင့် အားကစား နည်းအလိုက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ စုံညီစွာ
တက်ရောက်ကြသည်။
ရှေးဦးစွာ ဦးနန္ဒကျော်စွာက
အားကစားသမိုင်းတွင် သိရှိပြီးဖြစ်သည့် ကာယဗလဦးရှိန်၊ ဦးဇော်ဝိတ်၊ ဦးထွန်းငြိမ်း၊ ဦးထွန်းမောင်
စသည့် ပုဂ္ဂိုလ်များရှိခဲ့ပါကြောင်း။ ထိုနည်းတူ ပထအကြိမ၊် ဒုတိယအကြိမ် ၊ တတိယအကြိမ် အရှေ့တောင်အာရှ
ကျွန်းဆွယ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်များ
ရယူပေး ခဲ့သော အားကစား သမားများသည် ယခုအခမ်းအနားသို့
တက်ရောက်လာကြသော အားကစားသမား ဟောင်းများပင်ဖြစ်ပါကြောင်း၊ ယခုအသင်းအဖွဲ့သည် သက်တမ်းတစ်လျှောက် ကြိုးစားခဲ့ရသည့် အားကစားနှင့်
ပတ်သက်သော အသိဥာဏ်၊ ဗဟုသုတများကို နောင်လာနောင်သားအားကစားသမား လူတော်^လူကောင်းများကို
လက်ဆင့်ကမ်းပေးနိုင်သော အဖွဲ့အစည်း အဖြစ် ဆက်လက်ကျင့်သုံး ထမ်းဆောင်သွားမည် ဖြစ်ကြောင်းနှင့်
မြန်မာ့အားကစား လောကတိုးတက် ရေးအတွက် တစ်ထောင့် တစ်နေရာမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ အားကစားဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဇော်ဝင်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ကော်မတီအတွင်းရေးမှူး
ဦးစိုးသိန်း က အသင်းဖွဲ့စည်းမှုနှင့် ဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး
မြန်မာ့လက်ရွေးစင် အလေးမ အားကစားသမားဟောင်း ဦးထွန်းမောင်က အမှာစကား ပြောကြားသည်။
ယင်းနောက် ဦးထွန်းမောင်က
၎င်းရရှိခဲ့သည့် ပြင်သစ်နိုင်ငံပဲရစ်မြို့၌ ကျင်းပခဲ့သော
၁၉၅၄ခုနှစ် ကမ္ဘာ့အဆင့် အပြည်ပြည်ဆိုင်ရာအလေးမပြိုင်ပွဲ (၆၇.၅)ကီလိုတန်း ပထမဆု၊ ဂျာမဏီနိုင်ငံ
မြူးနစ်မြို့၌ ကျင်းပခဲ့သည့် ၁၉၅၅ခုနှစ် ကမ္ဘာ့အလေးမပြိုင်ပွဲ(၆၇.၅)ကီလိုတန်းတတိယဆု၊
ဂျပန်နိုင်ငံတိုကျိုမြို့၌ ကျင်းပခဲ့သည့် ၁၉၅၈ခုနှစ် အာရှအားကစားပြိုင်ပွဲ (၆၇.၅)ကီလိုတန်းစံချိန်သစ်ဆု၊
၁၉၈၆ခုနှစ်၌ ကမ္ဘာ့အလေးမအဖွဲ့ချုပ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆု၊ ၂၀၀၁ ခုနှစ်ကမ္ဘာ့
ကာယဗလ အဖွဲ့ချုပ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆု စသည့် ကမ္ဘာ့အဆင့်နှင့် အပြည်ပြည်ဆိုင်ရာအဆင့်
အလေးမနှင့် ကာယဗလပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆွတ်ခူးရယူ ပေးခဲ့သည့် ဆုတံဆိပ်များနှင့်
မှတ်တမ်းဓါတ်ပုံ (၁၅)ပုံကို ပေးအပ်လှူဒါန်းရာ
ဒုတိယဝန်ကြီးဦးဇော်ဝင်း က လက်ခံရယူသည်။
ထို့နောက် မြန်မာ့အားကစားလက်ရွေးစင် အသင်းများသို့ အလှူရှင်များက စုစုပေါင်းလှူဒါန်း ငွေကျပ်(၆၈)သိန်း (၇)သောင်း(၈)ထောင်နှင့်
အမေရိကန်ဒေါ်လာ (၃၀၀)ကို လှူဒါန်းရာ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများ အသင်းဥက္ကဌ၊
နာယကနှင့် ဒုတိယဥက္ကဌတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်ပြီး မြန်မာအားကစားသမားလက်ရွေးစင်ဟောင်းများအသင်း ဒုတိယဥက္ကဌ
ဦးကျော်ခင် က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း
သတင်းရရှိသည်။



No comments:
Post a Comment