နေပြည်တော်
ဇန်နဝါရီ ၁
(၅၄)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား
တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ
ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းနှင့်
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစား ကြသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့
အကြိတ်အနယ်ယှဉ်ပြိုင် တက်ရောက် လာကြသည့် အသင်းများ ဖြစ်သည်နှင့် အညီ ခြေရည်တူစွာ တစ်ဖက်နှင့်
တစ်ဖက် အနိုင်မ ခံအရှုံးမပေးသည့် စိတ်ဓာတ်များဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီးချိန်တွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်အသင်းက အရှေ့ပိုင်းတိုင်း
စစ်ဌာနချုပ် အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ
ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်သား
လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) ရုံး/ဌာနများနှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ
တပ်နယ်များမှအရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တပ်မတော်ဘောလုံးအကယ်ဒမီမှ သင်တန်းသားများနှင့် အား
ကစားဝါသနာရှင် ပရိသတ်များ တက်ရောက် အားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုပြုလုပ်ရာ
တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ (ခ)အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိသော အမှတ်(၄၄)
ခြေမြန်တပ်မ ဌာနချုပ်အသင်းနှင့် (က)အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိသော မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့အား ငွေသားဆုနှင့် တစ်ဦးချင်းဆုများကို စစ်ရေးချုပ်
ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက လည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အမှတ်(၁၁)ခြေမြန်တပ်မ
ဌာနချုပ်အသင်းနှင့် (က)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
ကိုယ်စားပြုအသင်းတို့အား ငွေသားဆုနှင့် တစ်ဦးချင်းဆုများ ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက လည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော ကမ်းရိုးတန်းဒေသတိုင်း
စစ်ဌာနချုပ်ကိုယ်စားပြု (ဃ)အသင်းအား တစ်ဦးချင်းဆုများ၊ (က)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော
အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား တစ်ဦးချင်းဆုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက လည်းကောင်း ဆုများချီးမြှင့်သည်။
ဆက်လက်၍ (ခ)အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးရရှိသည့်
အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ်အသင်းနှင့် (က)အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးရရှိသည့်
မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့အား ဆုဖလားနှင့် ငွေသားဆုများကို
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်စန်းက လည်းကောင်း၊ (ခ) အဆင့်ပြိုင်ပွဲတွင်
နေရာအလိုက်အကောင်းဆုံး ရရှိသူများအား ဆုကလပ်နှင့် ငွေသား ဆုများကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)
ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်က လည်းကောင်း၊ (က)အဆင့်ပြိုင်ပွဲတွင်
နေရာအလိုက် အကောင်းဆုံးရရှိသူများအား ဆုကလပ်နှင့် ငွေသားဆုများကို ကာကွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက လည်းကောင်း ဆုများချီးမြှင့် ကြသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်မတော်(ကြည်း၊ ရေ၊
လေ)ဘောလုံးပြိုင်ပွဲ (ခ)အဆင့်တွင် ပထမဆုရရှိသော ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်
ကိုယ်စားပြု(ဃ) အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တံခွန်စိုက်ဆုဖလား၊ ကိုယ်ပွားဆုဖလား
နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ (က)အဆင့်တွင် ပထမဆုရရှိသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
ကိုယ်စားပြုအသင်းအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တံခွန်စိုက်ဆုဖလား၊ ကိုယ်ပွားဆုဖလားနှင့်
ငွေသားဆုများကို ပေးအပ ချီးမြှင့်သည်။
အဆိုပါ (၅၄)ကြိမ်မြောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ (က)အဆင့်ပြိုင်ပွဲနှင့်
(ခ)အဆင့်ပြိုင်ပွဲ ခွဲခြားကာ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲများကို တိုင်းစစ်ဌာနချုပ်များ
အလိုက် ဇုန်များခွဲ၍ လည်းကောင်း၊ ဒုတိယအဆင့် ရှုံး/ထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲများအား
နေပြည်တော် ရှိ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ဒီဇင်ဘာ ၁၃ ရက်မှ စတင်၍ (က)အဆင့် နှင့်
(ခ)အဆင့်ပြိုင်ပွဲဝင် အသင်း ၈ သင်းစီဖြင့် လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့တွင်
ဗိုလ်လုပွဲကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment