'ရှုမောဖွယ်မဆုံးတဲ့ . . . တောင်တန်းတွေကြားက . . . ရင်ခုန်စရာ အလှတို့ . .
. ဆုံရာမြေ . . . လှမ်းခဲ့တော့ . . . တို့နာဂမြေ . . . ငြိမ်းချမ်းမှုတွေ . . . ယှဉ်တွဲလို့
. . . ပြောင်းလဲခဲ့တဲ့မြေ . . .တွဲလက်တွေ . . . ခိုင်မြဲ . . .အမြဲတမ်းချစ်ကြည်နေ
. . . သမိုင်းသစ် . . . မှတ်တိုင်ထူစိုက်လို့ . . . ပြောင်းလဲခဲ့တဲ့မြေ . . . လာလည်စေချင်တယ်
. . . ချစ်မိတ်ဆွေရေ . . .'' ဆိုတဲ့ သီချင်းသံအကြား လျှပ်စစ်မီးရောင် ထိန်ထိန်အောက်မှာ
လက်ချင်းတွဲပြီး ပျော်ရွှင်စွာစုဝေးကခုန်နေကြတဲ့ နာဂ တိုင်းရင်းသားညီအစ်ကိုတွေရဲ့ နှစ်သစ်ကူးပွဲတော်မြင်ကွင်းက
တွေ့မြင်ရသူတို့ရဲ့ စိတ်ဘဝင်မှာ ငြိမ်းချမ်းခြင်း၊ စည်းလုံး ညီညွတ်ခြင်းတို့ကို ကူးစက်ခံစားရမှာ
သေချာပါတယ်။
စိမ်းညိုညိုတောင်တန်းကြီးတွေနဲ့ အင်မတန်မှရိုးသားဖြူစင်တဲ့ တောင်တန်းဒေသ တိုင်းရင်းသားညီအစ်ကို
မောင်နှမတွေနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ပိုင်းဒေသ ပတ်ကွိုင်တောင်စဉ်တောင်တန်း
ကာဆီး ထားတဲ့ နာဂဒေသကို ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလမှာ လုပ်ငန်းတာဝန်နဲ့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါတယ်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်အကြားမှာ တည်ရှိတဲ့ နာဂတောင်တန်းကို ရောက်ရှိတိုင်း
ပွင့်လင်းစွာပြောဆို တတ်ပြီး နွေးထွေးတဲ့ဧည့်ဝတ်ကျေမှုက နာဂဒေသကို ရောက်ရှိသူတိုင်း
သတိရပြန်ပြောရတဲ့အထိ စိတ်ဘဝင်မှာ စွဲထင်စေပါတယ်။
နာဂဒေသကိုပထမဆုံးအကြိမ် ရောက်ခဲ့စဉ်က တောင်တန်းတွေဘေးမှာ လေးအိမ်တစ်စု၊ ငါးအိမ်တစ်စုတည်ထား
တဲ့ တိုင်းရင်းသားရွာတွေကမျက်မှောက်ခေတ်နဲ့ အလှမ်းကွာဝေး သလို ထိတွေ့ခဲ့ရပါတယ်။
ဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကို လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ် ဓာတ်အားရရှိရေးဟာ
အခြေခံကျတဲ့ နေရာက ပါဝင်လျက်ရှိပါတယ်။ ဒေသ တစ်ခုနဲ့ တစ်ခု၊ တစ်ရွာနဲ့ တစ်ရွာကို အလွယ်တကူ
ဆက်သွယ်သွားလာနိုင် ရေးမှာ လမ်းပန်းဆက်သွယ်ရေးက များစွာအရေးပါသလို ဒေသရဲ့ပညာ ရေး၊ ကျန်းမာရေး၊
စီးပွားရေး၊ လူမှု ရေးစတဲ့ကဏ္ဍတွေ တိုးတက်စေရေး အတွက် လျှပ်စစ်ဓာတ်အားရရှိရေးက လည်း အရေးကြီးပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ် ဓာတ်အားရရှိဖို့အတွက် ကြိုးပမ်း ဆောင်ရွက်ရာမှာ
၂ဝ၁ဝ ပြည့်နှစ် မတိုင်မီက အိမ်ထောင်စု ၁ဝ သန်း အနက် ၂ ‘ဒသမ ၂ သန်းခန့်သာ လျှပ်စစ်ဓာတ်အားကို
ရရှိအသုံးပြုနိုင် ခဲ့ပြီး လက်ရှိ ၃ ‘ဒသမ ၄ သန်းအထိ တိုးတက်ရရှိလာတာကို လျှပ်စစ် ဝန်ကြီးဌာနရဲ့
ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပြည်နယ်၊ ပြည်မ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက် အကူဖြစ်တဲ့ လျှပ်စစ်ဓာတ်အားကို
မြို့ကြီးတွေသာမက နယ်စပ်ဒေသမှာ ရှိတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေပါ သုံးစွဲနိုင်
ဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက နည်းလမ်းမျိုးစုံနဲ့ ရှာဖွေဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဒီလို ဆောင်ရွက်မှုတွေအနက် နာဂတောင်တန်းဒေသဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နာဂ
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးရွာပေါင်း ၂၆၆ ရွာရှိတဲ့အနက် ၂ဝ၁ဝ ပြည့်နှစ်မတိုင်ခင်က
ရေအားနဲ့ ၁ဝ ရွာ၊ ဆိုလာစနစ်နဲ့ တစ်ရွာ လျှပ်စစ်မီးရရှိခဲ့ပြီး ယနေ့မှာ ရေအား နဲ့ ၃၇
ရွာ၊ ‘ဒီဇယ်စက်နဲ့ တစ်ရွာ၊ ဆိုလာစနစ်နဲ့ ၁၄၄ ရွာစုစုပေါင်း ၁၉၃ ရွာမှာ လျှပ်စစ်မီးသုံးစွဲနိုင်ခဲ့
ကြောင်း ဝန်ကြီးဌာနရဲ့မှတ်တမ်းတွေ အရ သိရပါတယ်။
အဲဒီအနက် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် လဟယ်မှာ အရင်က ၂၅ ကေဗွီအေ
ဒီဇယ်မီးစက်နဲ့ ကီလိုဝပ် ၅ဝ အသေးစားရေအားလျှပ်စစ်စက်တို့နဲ့ နာရီအနည်းငယ်သာ လျှပ်စစ်မီး
ရရှိခဲ့ပါတယ်။ နာဂဒေသမြို့တော် လဟယ်မှာ လျှပ်စစ်ဓာတ်အား ၂၄ နာရီဖြန့်ဖြူးပေးနိုင်ဖို့
ကျလွေချောင်း ပေါ်မှာ ကီလိုဝပ် ၁၅ဝ ထုတ်လုပ် ပေးနိုင်တဲ့ အသေးစားရေအားလျှပ်စစ် စက်ရုံကို
၂ဝ၁၅ ခုနှစ်အတွင်း တည် ဆောက် ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ကျလွေချောင်း အသေးစား
ရေအားလျှပ်စစ်စက်ရုံ ဖွင့်ပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက် ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
''လဟယ်မှာ ၁၉၉၅ ခုနှစ်ကစပြီး ကီလိုဝပ် ၅ဝ အသေးစားရေအား လျှပ်စစ်စက်နဲ့ မီးပေးခဲ့တာ
နှစ် ၂ဝ ကျော်ပြီလေ။ မီးရတယ်ဆိုပေမယ့် လည်း အချိန်ပြည့်မပေးနိုင်ပါဘူး။ အလှည့်ကျပေးခဲ့တာပါ။
အခုစက်ရုံပြီး တော့ ခရစ္စမတ်မတိုင်ခင်ကတည်းက ၂၄ နာရီ မီးရနေတော့ စိတ်ချမ်းသာ တယ်။ ကလေးတွေလည်း
စာကောင်း ကောင်းဖတ်နိုင်တဲ့အတွက် အများကြီး ဝမ်းသာပါတယ်'' ဟု လဟယ်မြို့မှ နာဂတိုင်းရင်းသား
ဦးဆားမူက ပြောပါတယ်။
နာဂဒေသမှာ ကျလွေချောင်း ရေအားလျှပ်စစ်စက် အပါအဝင် ရေအားလျှပ်စစ်စက်ရုံသုံးရုံ
တိုးချဲ့ တည်ဆောက်ခဲ့ပါတယ်။ ခန္တီးမှာ ၂ မဂ္ဂါဝပ်ထွက်ရှိမယ့် ဟုန်းညိုရေအား လျှပ်စစ်စက်ရုံပြီးပါက
ခန္တီးသာ မဟုတ်ဘူး နာဂဒေသအတွင်းမှာရှိတဲ့ ကျေးရွာတွေကိုပါ ဓာတ်အားပေးနိုင် မှာဖြစ်ပါတယ်ဟု
လျှပ်စစ်ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
''၂၄ နာရီ လျှပ်စစ်မီးရမှ ဘဝက အစစအရာရာပြည့်စုံသွားသလို ခံစား ရပါတယ်။ မီးရတော့
သစ်တော ပြုန်းတီးမှုနည်းသွားမှာ ဖြစ်တဲ့အတွက် အလွန်ဝမ်းသာပါတယ်။ မီးမရခင်က ထင်းမီးကို
အားကိုးနေရတာကြောင့် ကိုယ်အဆင်ပြေဖို့ သဘာဝတရား အပေါ် အနိုင်ကျင့်သလိုများ ဖြစ်နေ မလားလို့
စိုးရိမ်ခဲ့မိပါတယ်။ အခု မီးရတော့ စလောင်းနဲ့ ရုပ်သံလိုင်း တွေကို ကြည့်ရှုနိုင်ပါပြီ။
ဒါပေမယ့် အင်တာနက်လိုင်း မရသေးတော့ တစ်ခုခုလိုအပ်နေသလို ခံစားရပါ တယ်။ အဲဒါလည်း မကြာခင်ရရှိမယ်
လို့ မျှော်လင့်မိပါတယ်'' ဟု မုံရွာ တက္ကသိုလ်က မြန်မာစာအဓိကနဲ့ ဘွဲ့ရထားတဲ့ နာဂတိုင်းရင်းသူ
မကေသီအောင်က ပြောပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန အနေနဲ့ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ် ချက်ကို
ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ရေအားလျှပ်စစ်စက်ရုံတွေနဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး
စက်ရုံတွေကို တည်ဆောက်ဖြည့်ဆည်း ပေးလျက်ရှိပါတယ်။ ဒီ့အပြင် တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေရဲ့
လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး အတွက်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့
ပူးပေါင်းပြီး အသေးစားရေအား လျှပ်စစ်စီမံကိန်းတွေကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ
ပါတယ်။
ဒီလို ဆောင်ရွက်တဲ့နေရာမှာ တစ်နိုင်ငံလုံးအနေနဲ့ အသေးစား ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့
အရင်းအမြစ် ၂၁ဝ ကနေ လျှပ်စစ် ဓာတ်အားကီလိုဝပ် ၂၃ဝ၃၅ဝ ကို ထုတ်လုပ်နိုင်တဲ့အတွက် အခုလက်ရှိ
မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အသေးစားရေအားလျှပ်စစ်စက်ရုံ ၃၅ ရုံရှိခဲ့ပြီး လျှပ်စစ်ဓာတ်အား
၃၃၁၈၂ ကီလိုဝပ်ကို ထုတ်ယူဖြန့်ဖြူး ပေးလျက်ရှိပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှာ အသေးစားရေအားလျှပ်စစ် ထုတ်ယူနိုင်တဲ့ အရင်းအမြစ်တွေ
အနက် ကျန်ရှိတဲ့ နန်းယွန်းမြို့နယ် တိုင်းခမ်းချောင်းအသေးစားရေအား လျှပ်စစ်စီမံကိန်းကို
စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ အကောင်အထည်ဖော်နေပြီး လဟယ် မြို့နယ်
ဟုန်းညိုချောင်းစီမံကိန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစီ အစဉ်နဲ့ အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပါတယ်။
ထို့အတူပဲ လေရှီးမြို့ အနောက် တောင်ဘက် ၃ ‘ဒသမ ၅ မိုင်အကွာ မှာရှိတဲ့ နမ့်ဝယ်ချောင်း
(ရွှေဇလုံ ချောင်း)အတွင်းကို စီးဝင်တဲ့ မတူဂီ ချောင်းပေါ်မှာ အသေးစားရေအား လျှပ်စစ်စီမံကိန်းကို
စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့က ၂ဝ၁၄ ခုနှစ် သြဂုတ်လမှာစတင်ဆောင်ရွက်ခဲ့ပြီး အခု
၁၁ ကေဗွီဓာတ်အားလိုင်းနဲ့ လေရှီးမြို့ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပါတယ်။
အလားတူ လဟယ်မြို့ တောင်ဘက် တစ်မိုင်ခန့်အကွာမှာရှိတဲ့ ကျလွေချောင်းပေါ်မှာ တိုင်းဒေသကြီး
အစိုးရအဖွဲ့အစီအစဉ်နဲ့ ကီလိုဝပ် ၁၅ဝ ခန့်ရှိတဲ့ ကျလွေချောင်း ရေအားလျှပ်စစ်စီမံကိန်းကို
၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှာ စတင်အကောင် အထည်ဖော် တည်ဆောက်ခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ
၁၄ ရက်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ ပါတယ်။
ဒါ့အပြင် နန်းယွန်းမြို့ရဲ့ အနောက်တောင်ဘက် သုံးမိုင်ခန့် အကွာမှာရှိတဲ့ တိုင်းခမ်းချောင်းပေါ်
မှာ လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၉ဝဝ ခန့်ထုတ်လုပ်နိုင်မှုကို လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက
စူးစမ်း တိုင်းတာခဲ့ပါတယ်။ ဒါကြောင့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂ဝ၁၅ ခုနှစ်
ဖေဖော်ဝါရီလမှာစတင်ပြီး စီမံကိန်းလုပ်ငန်းတွေကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ
တယ်။
၂ဝ၁၅ ခုနှစ် ဧပြီလအတွင်း နိုင်ငံတော်သမ္မတရဲ့ ခန္တီးဒေသ ခရီးစဉ်မှာ လမ်းညွှန်မှာကြားချက်
အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဧပြီလကနေ ဇွန်လအတွင်း ခန္တီးမြို့ အနောက်မြောက်ဘက် ၂၂
မိုင် ခန့်အကွာ လဟယ်မြို့နယ်အတွင်းမှာ ရှိတဲ့ ဟုန်းညိုချောင်းအသေးစား ရေအားအရင်းအမြစ်ကနေ
ကီလိုဝပ် ၂၄ဝဝ ထွက်ရှိမယ့် ဟုန်းညိုချောင်း အမှတ်(၁)နဲ့ ကီလိုဝပ် ၃၆ဝဝ ထွက်ရှိမယ့်
ဟုန်းညိုချောင်း အမှတ်(၂)တို့ ထွက်ရှိနိုင်မှုကို စူးစမ်းတိုင်းတာခဲ့ပါတယ်။
အခု ဟုန်းညိုချောင်း အမှတ်(၁) အသေးစား ရေအားလျှပ်စစ်စီမံကိန်း အတွက် ‘ ဒီဇိုင်းပုံစံတွေရေးဆွဲပြီး
၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ
ပါတယ်။ စီမံကိန်းပြီးရင် ထွက်ရှိလာ မယ့် ဓာတ်အားကို ၃၃ ကေဗွီ ဓာတ်အားလိုင်းနဲ့ နာဂကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသအပါအဝင် စစ်ကိုင်း တိုင်းဒေသကြီး ခန္တီးဒေသကို လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးသွားမှာ
ဖြစ်ပါ တယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မတူဂီချောင်းကနေ ကီလိုဝပ် ၁၅ဝ၊ ကျလွေချောင်းကနေ
ကီလိုဝပ် ၁၅ဝ နဲ့ လဟယ်ချောင်းကနေ ကီလို ဝပ် ၅ဝ ထွက်ရှိတဲ့ အသေးစား ရေအားလျှပ်စစ်စက်ရုံတွေကနေ
လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၃၅ဝ ထုတ်လုပ်ဖြန့်ဖြူးပေးလျက် ရှိပါ တယ်။
ဒါ့အပြင် တည်ဆောက်ဆဲ တိုင်းခမ်းချောင်းကနေ ကီလိုဝပ် ၉ဝဝ နဲ့ ဟုန်းညိုချောင်း
အမှတ်(၁)၊ (၂)ကနေ ကီလိုဝပ် ၆ဝဝဝ ထုတ်ယူနိုင် မယ့် အသေးစားရေအားလျှပ်စစ် စီမံကိန်းတွေပြီးရင်
လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၆၉ဝဝ ထုတ်ယူနိုင်မှာဖြစ်လို့ မကြာမီကာလမှာ နာဂကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသနဲ့ ခန္တီးဒေသကို စုစုပေါင်းကီလိုဝပ် ၇၂၅ဝ ခန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တော့မှာ
ဖြစ်ပါတယ်။
ဒါတွေဟာ ပတ်ကွိုင်တောင် ကြောပေါ်က နာဂတောင်တန်းဒေသ ရဲ့ အလင်းတန်းများလို့ တင်စား
ရေးသားတင်ပြလိုက်ရပါတယ်။
သတင်းအဖွဲ့


No comments:
Post a Comment