Tuesday, January 26, 2016

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့အစည်းအဝေး (၁/၂၀၁၆) ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၆ ရက်

မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ (Myanmar Parliamentary Union) အစည်းအဝေး (၁/၂၀၁၆)ကို ဇန်နဝါရီ(၂၅)ရက် နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌများ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
 ရှေးဦးစွာ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာက မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့၏ ထုတ်ပြန် ကြေညာချက် (မူကြမ်း)နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး (၃/၂၀၁၅) အစည်းအဝေး ဆုံးဖြတ်ချက်များ အပါအဝင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့၏ ထုတ်ပြန် ကြေညာချက်ကို အတည်ပြုပြီး တိုင်း ဒေသကြီး/ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌများက အထွေထွေ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယက က တင်ပြချက်များ အပေါ် ပြန်လည် သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာ စကားပြောကြားသည်။

No comments:

Post a Comment