Tuesday, January 26, 2016

လမ်း၊ တံတားနှင့် မြို့ပြအိမ်ရာ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး


နေပြည်တော်  ဇန်နဝါရီ ၂၆
ဆောက်လုပ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင် သည် မြန်မာ - ဂျပန် တတိယ အကြိမ် ဒုတိယ ဝန်ကြီးအဆင့် Infrastructure Development အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် ဂျပန်နိုင်ငံ Ministry  of Land Infrastructure and Transport ,  Vice - Minister for Engineering Affairs , Ph.D. Koji IKEUCHI ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဇန်နဝါရီ (၂၆) ရက် နံနက် (၉)နာရီ အချိန်တွင် နေပြည်တော်ရှိ   ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဂျပန်နိုင်ငံ Ministry  of Land Infrastructure and Transport , Vice - Minister for Engineering Affairs , Ph.D. Koji IKEUCHI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၁၅) ဦးတို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် မြန်မာ - ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေး အတွက် အဆောက်အဦ၊ လမ်း၊ တံတား နှင့် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရေး၊ ရန်ကုန်မြို့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သီလဝါ အထူးစီးပွားရေး ဇုန် လုပ်ငန်းများ ပိုမို တိုးတက်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာအကူအညီ အထောက်အပံ့ ရရှိရေး ၊ သုဝဏ္ဏ ဗဟို သင်တန်းကျောင်း အဆင့် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ၊ သဘာဝ ဘေးဒဏ် ကျရောက်ခဲ့သည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသ ဖွံ့ဖြိုးရေးနှင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် စက် ၊ ယာဉ် ၊ ယန္တရားများ ကူညီပေးမှုတို့နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment