Tuesday, January 26, 2016

ရွေ့လျားဆေးကုရေးယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိ



နေပြည်တော်၊ ဇန်န၀ါရီ  ၂၆
 
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ၊ လူမှုဖူလုံရေး အဖွဲ့နှင့် သုခမင်္ဂလာ Medical and Diagnostic Center တို့ အကျိုးတူ ပူးပေါင်း၍ လူမှုဖူလုံရေး အာမခံထားရှိသူ ၀န်ထမ်း လုပ်သားများအား ရွှေ့လျား ဆေးကုသရေးယာဉ် ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ ဒီဇင်ဘာ ၂၆ ရက်တွင် ပြန်ကြားရေး ၀န်ကြီးဌာန၌ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိသည်။

“ကျမတို့က လူမှုဖူလုံရေး ထည့်ဝင်ကြေး ပေးသွင်းပြီး အာမခံထားတဲ့ အလုပ်သမား တွေ၊ ၀န်ထမ်းတွေ အားလုံးကို ဌာနအရောက် ဆေးကုသမှုတွေ ပေးနေတာပါ။  လုပ်ငန်းခွင် မပျက်ဆေးကုသမှု ခံယူနိုင်အောင်လို့ပါ။ အချို့ က အလုပ်တွေ မအားလပ်တဲ့အတွက် ဆေးကု သမှုမခံယူနိုင်ဘူးလေ။ အခုလို ရွှေ့လျား ဆေးကုသရေး ယာဉ်နဲ့ လာရောက် ကုသပေးတော့ အားလုံး အဆင်ပြေတာပေါ့ဟု နေပြည်တော် လူမှုဖူလုံရေး ရုံးခွဲမှ ဦးစီးအရာရှိ ဒေါ်လွင်လွင်ခိုင် ကပြောသည်။
“ကျန်းမာရေးနဲ့ လူမှုရေး စောင့်ရှောက်မှု အာမခံ စနစ်အတွက်ရယ်၊ အလုပ်ခွင်ထိခိုက်မှု အတွက် လစာအပေါ်ကနေ ၅ ရာခိုင်နှုန်း ပေးသွင်းရပါတယ်။ အဲဒီ ၅ ရာခိုင်နှုန်းဆိုတဲ့ နေရာမှာ အလုပ်ရှင်က ၃ ရာခိုင်နှုန်း ပေးသွင်းရပြီး အလုပ်သမားက ၂ ရာခိုင် နှုန်းပေးသွင်း ရတာဖြစ်ပါတယ်။ ဒီလိုထည့်ဝင်ကြေးကို မိမိဆန္ဒ အလျောက်ပေးသွင်းတဲ့ ပြည်သူတွေ လည်းရှိပါတယ်။ ဘယ်နေရာမှာပဲ ထည့်ဝင်ကြေး ထည့်ဝင်ထည့်ဝင် သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေး ဆေးခန်းတွေအပြင် အခုလို ရွှေ့လျား ဆေးကုသရေး ယာဉ်ရောက်ရှိတဲ့ အခါတိုင်းမှာလည်း ဆေးကုသမှု ခံယူလို့ရပါတယ်။ နေပြည်တော်မှာ ၂၀၁၄ ခုနှစ် သြဂုတ်က ပထမအကြိမ် ကုသပေးခဲ့ပြီးပါပြီ။ အခု ဒုတိယ အကြိမ်အဖြစ် ၀န်ကြီးဌာတွေနဲ့ ဟိုတယ်ဇုန် တွေဘက်ကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးသွားမှာပါ။ နောက်ပြီး နောက်ထပ် တောင်းဆိုတဲ့ ဌာနတွေ ရှိရင်လည်း ထပ်မံ သွားရောက် ကုသပေးမယ့် အစီအစဉ်တွေရှိ ပါသေးတယ် “ ဟု၎င်းကဆိုသည်။
အဆိုပါ ရွှေ့လျားဆေးကုသရေး ယာဉ်ဖြင့် လှည့်လည် ဆေးကုသပေးသည့် ရည်ရွယ် ချက်များကိုလည်း ၄င်းက ဆက်လက်ရှင်းပြသည်။
“အာမခံ အလုပ်သမားတွေ အားလုံး လုပ်ငန်းခွင်မပျက်အောင် လုပ်ငန်းခွင် အရောက် ဆေးကုသမှုတွေ ဆောင်ရွက် ပေးနေတယ်။ ဆေးကုသမှုခံယူလို့ရတယ်၊ ဆေး စစ်ဆေးမှု ခံယူလို့ရတယ်၊ လူမှုဖူလုံရေးအဖွဲ့ ၀င်ရခြင်းရဲ့ အကျိုး ခံစားခွင့်တွေ ဘယ်လိုရှိတယ် ဆိုတာတွေ၊ ဆေးဖိုးတွေ ဘယ်လိုပြန်အမ်း ပေးနေတယ် ဆိုတာတွေကို သိစေချင်တဲ့ ရည်ရွယ် ချက်တွေနဲ့ အခုလို ကွင်းဆင်း ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေတာပါ ဟုပြောသည်။
အဆိုပါ ရွှေ့လျား ဆေးကုသရေး ယာဉ်၌ နှလုံးရောဂါကို (ECG) စက်ဖြင့်စမ်းသပ်စစ် ဆေးနိုင်သည့်အပြင် ကူးစက် ရောဂါများကိုလည်း စမ်းသပ် စစ်ဆေးနိုင်ကြောင်းသိရသည်။
လူမှုဖူလုံရေး ထည့်ဝင်ထားတဲ့ အာမခံလုပ်သားတွေကို ဆေးကုသ ပေးတယ်ဆိုတဲ့ နေရာမှာ နေမကောင်းတဲ့ သူတွေအပြင် ဆေး စစ်ဆေးမှုခံယူလို သူတွေကိုလည်း ဆေးစစ် ဆေးမှု ( Medical Check Up ) တွေဆောင်ရွက် ပေးပါတယ်။ ဆေးကုသတဲ့အခါ ပထမ ဦးစားပေးအနေနဲ့ ဖျားနာနေသူတွေ၊ အသက်အရွယ် ကြီးရင့်သူတွေ နဲ့ နာတာရှည်ရောဂါ ခံစားနေရသူတွေကို ကုသပေးပါတယ်။ ယာဉ်ပေါ်မှာ အသဲရောဂါ၊ ကျောက်ကပ် ရောဂါ၊ အဆစ်အမြစ် ကိုက်ခဲတာတွေ၊ အဆီနဲ့ ပတ်သက်တဲ့ရောဂါတွေ၊ သွေး လေးဖက်နာ၊ ပိုးလေး ဖက်နာတွေ၊ ဘီပိုး၊ စီပိုး စစ်ဆေးမှုတွေကို လူနာရဲ့ဆန္ဒနဲ့ လူနာရဲ့ ရောဂါဝေဒနာ ခံစားရတဲ့ အပေါ်မူတည်ပြီး စစ်ဆေး ကုသပေးနေပါတယ်ဟု အဆိုပါ ရွှေ့လျားဆေးကု သရေးအဖွဲ့ ၏ မန်နေဂျာ ဦးဖြိုးစည်သူက ပြောသည်။
“ဒီဆေးကုသရေး ယာဉ်ဆီကို ဆေးကုသမှု ခံယူမယ့် လူနာရောက်ပြီ ဆိုတာနဲ့  လူမှု ဖူလုံရေးစမတ်ကတ် နံပတ်တွေ ယူပါတယ်။ နောက် ပဏမဆေး စစ်ဆေးမှု ခံမှုခံရပါမယ်။ နောက်ပြီးမှ တာဝန်ခံဆရာဝန်ရဲ့ မှတ်ချက်တွေနဲ့ ဆေး စစ်ဆေးကုမှုတွေ ဆောင်ရွက် ပါတယ်။ အခုဒီကုသရေးယာဉ်မှာ နေပြည်တော် လူမှုဖူလုံရေး ဆေးခန်းက တာဝန်ခံဆရာဝန် တစ်ဦး၊ အထက်တန်း သူနာပြုတစ်ဦး၊ လူမှုဖူလုံရေးဌာန က ဦးစီးအရာရှိတစ်ဦး၊ ဒုတိယ ဦးစီးမှူး တစ်ဦးနဲ့ စာရေးဝန်ထမ်း တစ်ဦး၊ သုခမင်္ဂလာ Medical and Diagnostic Center က ဓါတ်ခွဲ ကျွမ်းကျင်သူတွေအပါအ၀င် ၁၂ ဦး ပါဝင်ပါတယ်ဟု ၄င်းက ဆိုသည်။
အဆိုပါ ရွေ့လျား ဆေးကုသရေး ယာဉ်သည်  လူမှုဖူလုံရေးအဖွဲ့ နှင့် သုခမင်္ဂလာ Medical and Diagnostic Center တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ချုပ်ဆို ဆောင်ရွက်ခြင်းဖြစ်ပြီး စာချုပ်သက်တမ်း ကာလအတွင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာန၏ အစီအစဉ်များအတိုင်း ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက် သွားမည်ဖြစ်သည်။
အခုလို ရွေ့လျား ဆေးကုသယာဉ် လာတော့ ကျွန်တော် ဆေး စစ်ဆေးမှုတွေ အလွယ် တကူဆောင်ရွက်နိုင်ခဲ့တယ်။ ကုသရေး ယာဉ်ပေါ်မှာ ECG ဆွဲတာတို့၊ ဆီးချို၊ သွေးချို စစ်ဆေးတာတို့ လုပ်ခဲ့တယ်။ ချက်ချင်းပဲ ကျန်းမာတယ် ဆိုတဲ့အဖြေကိုသိရတယ်။ အထူး တလည် အချိန်ပေးပြီး ဆေးခန်းသွားစရာ မလိုတော့ဘူးပေါ့။ လူမှုဖူလုံရေးအဖွဲ့ကို မ၀င်ရောက်ကြရ သေးသူတွေအနေနဲ့ ၀င်ရောက်ဖို့ အကြံ ပြုချင်တယ်ဗျာ ဟု ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးစန်းနွယ် က ပြောသည်။ 

No comments:

Post a Comment