Tuesday, January 26, 2016

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲသို့တက်ရောက်



ရန်ကုန် - ဇန်နဝါရီ ၂၆
 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည့် ၆၇ နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်တို့နှင့် အတူ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊  ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဗိုလ်ချုပ် အောင်ကျော်ဇောနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် သံရုံး တာဝန်ရှိသူများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတ နိုင်ငံ သံအမတ်ကြီး H.E Mr.Gautam Mukhopadhaya တို့က စင်မြင့်၌ နေရာ ယူကြပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများနှင့် အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သမ္မတ နိုင်ငံသံအမတ်ကြီးက နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ဂုဏ်ပြု နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် သံအမတ်ကြီးတို့သည် တက်ရောက် လာကြသူ များနှင့် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဒုတိယ သမ္မတနှင့်ဇနီးနှင့် တက်ရောက် လာကြသူများအား အိန္ဒိယ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

No comments:

Post a Comment