Friday, January 29, 2016

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သတင်း မီဒီယာများအား တွေ့ဆုံ



နေပြည်တော် ဇန်နဝါရီ ၂၉
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်တွင်း သတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပ သတင်းဌာနများနှင့် ပြည်တွင်း သတင်းစာ၊ ဂျာနယ်များမှ အယ်ဒီတာနှင့် သတင်းထောက်များအား ယနေ့ ညနေ (၃) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် မီဒီယာခန်း၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော် နာယကသည် သတင်းမီဒီယာများ၏ မေးမြန်းချက်များ အပေါ် ပြန်လည် ဖြေကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အတွင်းရေးမှူး ဦးစောလှထွန်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ၊ ပြည်တွင်း သတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပ သတင်းဌာနများနှင့် ပြည်တွင်း သတင်းစာ၊ ဂျာနယ် (၄၄) ခုတို့မှ အယ်ဒီတာနှင့် သတင်းထောက် စုစုပေါင်း (၁၁၉) ဦး တက်ရောက်ကြသည်။

No comments:

Post a Comment