Friday, January 29, 2016

(၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ် တံတားသစ်ဖွင့်လှစ်

ထားဝယ် ဇန်န၀ါရီ ၂၈
(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် မိကျောင်းအိုင် (၁၄၀)ပေ ကွန်ကရစ်တံတားသစ်ဖွင့်ပွဲကို ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီက ကံပေါက် ကျေးရွာကျင်းပသည်။

ဖွင့်ပွဲတွင် ရေဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်စိုးစိုးသီ က တံတားသစ်ဖွင့်ပွဲနှင့်ပတ်သက် ၍ရှင်းလင်းတင်ပြပြီး ထားဝယ်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူးဦးငွေသိန်း က တာဝန်ရှိသူများအား အထိမ်းအမှတ် အလံများ ပေးအပ်ကာ ကျေးရွာသားတစ်ဦး က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးသက်ပိုင် ၊ ရေဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူး ဦးလှဝင်းအောင် နှင့် ကံပေါက်ကျေးရွာအုပ်ချုပ် ရေးမှူး ဦးမင်းအောင် တို့က မိကျောင်းအိုင် (၁၄၀)ပေ ကွန်ကရစ်တံတားသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တံတားသစ်အား ကြည့်ရှုစစ်ဆေးသည်။
မိကျောင်းအိုင် (၁၄၀) ပေ ကွန်ကရစ်တံတားသစ်သည် ယခင်သစ်သားတံတား အဆင့်သာရှိပြီး ယခု ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ (၈၄.၀)သန်းဖြင့် ဖြိုးဆက်နိုင်ကုမ္ပဏီမှ တင်ဒါအောင်မြင်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ကွန်ကရစ်တံတား ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့ စွာ ဆက်သွယ်သွားလာ ဆောင်ရွက်နိုင်ပြီး အကျိုးကျေးဇူးများကို ခံစားနေရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment