Friday, January 29, 2016

မိုးပွင့် အထူးစီမံချက်(အပိုင်း-၂)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်



ထားဝယ်     ဇန်န၀ါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်နှင့် ၀န်ထမ်းများသည် Norwegian Refugee Council (NRC) နှင့်ပူးပေါင်း၍ ဇန်န၀ါရီ (၂၇)ရက်နေ့ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်းရှိ ကျောင်းသား/ကျောင်းသူ များအား အသက် (၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မိုးပွင့်အထူးစီမံချက် (အပိုင်း-၂) ဖြင့် နေ့ချင်းပြီး ကွင်းဆင်း ဆောင် ရွက် ပေး သည်။

ထို့နောက် မွန်းလွဲ(၁၃း၃၀)နာရီတွင် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပတ်သက်၍ အရေးကြီးပုံ၊ အသုံးဝင်ပုံနှင့် ကိုင်ဆောင်သူများ လိုက်နာမှတ်သားရမည့် အချက်အလက်များ သိကောင်းစရာများ၊ ရှင်းလင်းပြောကြားပြီး အ.လ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ရှိန်သန်းက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး၊ ဦးမောင်မောင်နှင့် တာဝန်ရှိသူများက ဆောက်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကို ကျောင်းသား (၂၂) ဦး၊ ကျောင်းသူ(၄၅)ဦး စုစုပေါင်း (၆၇) ဦးအား တစ်ဦးချင်း လက်ဝယ် အရောက် ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment