Monday, January 11, 2016

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အမှတ်(၁၂) အကြီးစားစက်ရုံ (ထုံးဘို)နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အမှတ်(၃၂) အကြီးစား စက်ရုံ(ကြံခင်း) တို့အားကြည့်ရှု့စစ်ဆေး





နေပြည်တော်၊ ဇန်နဝါရီ (၁၁)

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်သည် ဇန်နဝါရီ (၁၀)ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိအမှတ်(၁၂)အကြီးစားစက်ရုံ (ထုံးဘို) သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနတွင် ယခင်ကစက်ရုံ၊ အလုပ်ရုံ(၁၄၄)ရုံရှိရာမှ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စက်ရုံ (၃၀)အားပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချခြင်း၊ စက်ရုံ(၅၈)ရုံအားပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း (PPP)၊ ပုဂ္ဂလိကနှင့် ဖက်စပ်ဆောင်ရွက်ခြင်း (JV)၊ ပုဂ္ဂလိကသို့ နှစ်တို၊ နှစ်ရှည် ငှားရမ်းခြင်း (Lease) နှင့် BOT စနစ်ဖြင့် ငှားရမ်းခဲ့ပါ ကြောင်း၊ Automobile Industry နှင့် ဆက်စပ်သည့် စက်ရုံများကို ရှင်သန်လည်ပတ်အောင် စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပိုမိုကောင်းမွန်သည့် အနာဂတ် ဖော်ဆောင်နိုင်ရေး ကြိုးစားဆောင်ရွက် ကြရန်နှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်း ပြောကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ထိုမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ နယ်ရှိမြင်းခေါင်းတံဆိပ် ဘိလပ်မြေများ ထုတ်လုပ်လျက်ရှိသည့် အမှတ်(၃၂) အကြီးစားစက်ရုံ (ကြံခင်း)သို့ ရောက်ရှိရာစက်ရုံမှူးက စက်ရုံသမိုင်းအကျဉ်း နှင့် စက်ရုံအား အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံအား အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား အမြန်အကောင်အထည်ဖော် ရန်လိုကြောင်း၊ ပြင်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးကြိုးစား ဆောင်ရွက်ကြရန် Quality Control ပိုင်းကို အထူးအလေးထား ဆောင်ရွက်ရန်၊ ဈေးကွက်တွင် အရည်အသွေး၊ ဈေးနှုန်းများပါ ယှဉ်ပြိုင်နိုင်ရန်လိုကြောင်း၊ တစ်ယူနစ်ထုတ်လုပ်မှုကုန်ကျ စရိတ်များကိုလည်း လျှော့ချနိုင်ရေးနည်းလမ်းပေါင်းစုံဖြင့် စီမံဆောင်ရွက်ရန်လိုကြောင်း မှာကြားပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်း ဘိလပ်မြေထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို လည်းကောင်း၊ မီးသင်းဖို (Kiln) ပြင်ဆင်နေမှုအခြေအနေကိုလည်းကောင်းလှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment