နေပြည်တော်၊ ဇန်နဝါရီ
၁၁
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ
ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဒေါ်မြတ်ြမတ်အုန်းခင် သည် ဇန်နဝါရီ(၈)ရက်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း
နှင့်အတူ မြစ်ကြီး နားမြို့နယ်၊ ငွေပျော်စံပြကျေးရွာ သို့ သွားရောက်၍ ဝန်ကြီးဌာနမှ
(၅၀၀)သိန်းကျပ်ဖြင့် ဆောက်လုပ် လှူဒါန်းထားသည့် သဘာဝဘေးဖြစ်ပွားပါက ခိုလှုံရန်နေရာအဖြစ်အသုံးပြုရန်
ငွေပျော်စံပြကျေးရွာ မူလတန်းကြိုကျောင်း ကိုကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း
ဆောင်ရွက်ပေးသည်။
ဇန်နဝါရီ(၉)ရက်တွင်
မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည့် ကချင်ပြည်နယ်အတွင်းရှိ ဘေးသင့် ပြည်သူများအား
ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ငွေ၊ အသက်(၉၀)နှစ်နှင့် (၁၀၀)နှစ်ကြား
အဘိုးအဘွားများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက်
၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနား သို့ တက်ရောက်အမှာစကား
ပြောကြားသည်။
ယင်းနောက် ကချင်ပြည်နယ်အတွင်း
ဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဝန်ကြီးဌာန ဘတ်ဂျက်မှ
(၄၀၀)သိန်းကျပ်၊ အလှူရှင်များမှ ဝန်ကြီးဌာနသို့
လှူဒါန်းငွေများမှ ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ တတိယအကြိမ် လွှဲပြောင်းပေးငွေ (၄၂၈.၃၄)
သိန်းကျပ်၊ မြစ်ကြီးနားမြို့နယ်မှာ နေထိုင်တဲ့ အဘိုး ဦးဆငိုင်ဂမ်၊ အသက်(၁၀၆)နှစ် နှင့်
မိုးမောက်မြို့နယ်မှာနေထိုင်တဲ့ အဘိုးဦးဇော်ဒေါန် အသက်(၁၀၀)နှစ် တို့အတွက် နိုင်ငံတော်
သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂုဏ်ပြုလွှာ၊ ချီးမြှင့်ငွေ(၂)သိန်း ကျပ်စီ နှင့် အသုံးအဆောင်
ပစ္စည်းများနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ငွေ (၁)သိန်းကျပ်စီ၊ အသက်(၉၀)
နှစ်နှင့်(၁၀၀)နှစ်ကြား အဘိုးအဘွား (၁)ဦးလျင်ဝန်ကြီးဌာနမှ (၁၈၀၀၀)ကျပ်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ
(၁၅၀၀၀)ကျပ် စုစုပေါင်း (၃၃၀၀၀)ကျပ်စီဖြင့်
မြစ်ကြီးနားမြို့နယ် အတွင်းရှိအဘိုးအဘွား (၉၆)ဦးအတွက် (၃၁.၆၈)သိန်း၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ
အဘိုးအဘွား(၈)ဦး အတွက်(၂.၆၄)သိန်း၊ တနိုင်းမြို့နယ်အတွင်းရှိ အဘိုးအဘွား (၄)ဦးအတွက်
(၁.၃၂)သိန်း၊ မိုးညှင်းမြို့နယ် အတွင်းရှိ အဘိုးအဘွား (၅၁)ဦးအတွက်(၁၆.၈၃)သိန်း၊ မိုးကောင်းမြို့နယ်အတွင်းရှိ
အဘိုးအဘွား (၁၅)ဦးအတွက် (၄.၉၅)သိန်း၊ ဗန်းမော် မြို့နယ် အတွင်းရှိအဘိုးအဘွား (၅၃)ဦးအတွက်
(၁၇.၄၉)သိန်း၊ မိုးမောက်မြို့နယ် အတွင်းရှိ အဘိုးအဘွား (၂၉)ဦးအတွက်(၉.၅၇)သိန်း၊ ဒေါ့ဖုန်းယန်မြို့နယ်
အတွင်းရှိ အဘွား(၂) ဦးအတွက်(.၆၆)သိန်း တို့ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် က လွယ်ဂျယ် မြို့နယ်အတွင်းရှိ
အဘိုး အဘွား(၃)ဦးအတွက် (.၉၉)သိန်း၊ မံစီမြို့နယ်အတွင်းရှိ
အဘိုးအဘွား (၆)ဦး အတွက် (၁.၉၈)သိန်း၊ ရွှေကူမြို့နယ်အတွင်းရှိ အဘိုးအဘွား (၂၇)ဦး အတွက်
(၈.၉၁)သိန်း၊ ပူတာအိုမြို့နယ် အတွင်းရှိအဘိုးအဘွား (၂၄)ဦး အတွက်(၇.၉၂)သိန်း၊ မချမ်းဘောမြို့နယ်အတွင်းရှိ
အဘိုး အဘွား(၅)ဦးအတွက် (၁.၆၅)သိန်း၊ နောင်မွန်မြို့နယ်အတွင်းရှိ အဘိုးအဘွား(၇)ဦးအတွက်
(၂.၃၁) သိန်း၊ ဆွမ်ပရာဘွမ်မြို့နယ် အတွင်းရှိ အဘွား(၂)ဦးအတွက် (.၆၆)သိန်း၊ ခေါင်လန်ဖူး
မြို့နယ်အတွင်းရှိ အဘိုးအဘွား(၈)ဦးအတွက် (၂.၆၄)သိန်းတို့ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်
ဦးစိုးအောင်က မြစ်ကြီးနားခရိုင် အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၉)ခု၊ မျက်မမြင်ပရဟိတဂေဟာ(၁)ခုနှင့်
ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၅)ကျောင်းအတွက် (၃၄၇.၃၉)သိန်း၊ ဗန်းမော်ခရိုင်
အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၂)ခု၊ ဘိုးဘွားရိပ်သာ(၁)ခုနှင့် ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်း
(၆)ကျောင်းအတွက် (၁၀၈.၉)သိန်း၊ မိုးညှင်းခရိုင် အတွင်းရှိလူငယ် ဖွံ့ဖြိုးရေး ပရ ဟိတဂေဟာ(၁)ခုနှင့်
ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅)ကျောင်းအတွက် (၆၄.၉၉)သိန်းနှင့် ပူတာအိုခရိုင်အတွင်းရှိ
ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၄)ကျောင်းအတွက် (၂၄)သိန်း တို့ကိုလည်းကောင်း၊
စုစုပေါင်း (၁၄၉၁.၈၃)သိန်းကျပ်ကို သက်ဆိုင်သူများထံ
ထောက်ပံ့ပေး အပ်သည်။
ဇန်နဝါရီ(၁၀)ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊
မြက်ခင်းပြင်၌ (၆၈)ကြိမ်မြောက် ကချင်ပြည်နယ်နေ့
အထိမ်းအမှတ် လူထုအခမ်းအနားသို့ တက်ရောက် အားပေးသည်။ ဆက်လက်ပြီး အိမ်တွင်းမှုသက်မွေး
ပညာသင်ကျောင်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။


No comments:
Post a Comment