Saturday, January 30, 2016

တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

တက္ကသိုလ်ဝင်စာမေးပွဲအတွက် အင်္ဂလိပ်စာဘာသာရပ်အတွက် စာကိုကျက်မှတ်ရာမှာ ပြဋ္ဌာန်းထားတဲ့ Grade 11 English Text ကို သေသေချာချာလေ့လာကြဖို့ လိုပါတယ်။ ပြဋ္ဌာန်းထားတဲ့ English Text မှာ Unit (၁၄)ခု ပါရှိပါတယ်။

ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဒီ Grade 11 English Text မှာပါတဲ့ Reading Section, Vocabulary Section, Grammar Section, Writing Section နဲ့  Selected Poems သိရှိထားကြဖို့ လိုပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အတွက် မေးခွန်းများ ဟာ ပြဌာန်းစာအုပ်ကိုပဲ အခြေခံပြီးမေးမှာ ဖြစ်ပါတယ်။ နှစ်တိုင်းမှာမေး တဲ့ မေးခွန်းပုံစံတွေလိုပဲ မေးခွန်း(၉) ပုဒ်မေးမှာ ဖြစ်တယ်။
မေးခွန်းနံပါတ်(၁) ကတော့ English Text မှာပါတဲ့ Unit (၁၄) ခုထဲက စာပိုဒ်တစ်ပိုဒ်ကို ပေးထားပြီး အဲဒီစာပိုဒ်မှာပါတဲ့ အကြောင်းအရာတွေကို မေးခွန်းအမျိုးအစား (၂) မျိုးနဲ့မေးမှာဖြစ်တယ်။
Question No.1(A) က Write the correct word or words to complete each sentence.ဖြစ်တယ်။ ပေးထားတဲ့စာကြောင်းကို အဓိပ္ပါယ်ပြည့်စုံအောင် ကွက်လပ်ဖြည့်ပေးရမှာ ဖြစ်တယ်။ Item (၅)ခု မေးထားပြီး စာလုံးတစ်လုံး ဒါမှမဟုတ် စကားစုတစ်စုနဲ့ ကွက်လပ်ကို ဖြည့်ရမှာ ဖြစ်တယ်။
သတိပြုရမှာက ပေးထားတဲ့ဝါကျရဲ့ တည်ဆောက်ပုံပေါ်မူတည်ပြီး သင့်လျော်သလို စကားလုံးတွေကို ပြောင်း ရေးဖို့ လိုချင်လိုလိမ့်မယ်။
ဥပမာ- စာပိုဒ်ထဲမှာ noun form သို့မဟုတ် adjective form နဲ့ ရေးထား ပေမယ့် ဖြည့်ရမယ့်ကွက်လပ်မှာ verb form ပြောင်းပြီးဖြည့်ချင်ဖြည့်ရမယ်။ စာပိုဒ်ထဲမှာ active verb form နဲ့ ရေးထားပေမယ့် ဖြည့်ရမယ့် ကွက် လပ်မှာ passive verb form ပြောင်းပြီး ဖြည့်ချင်ဖြည့်ရမယ်။
ဥပမာ စာပိုဒ်ထဲမှာ The organizer of a self-service store must deal with perishable foodstuffs requiring different ranges of temperature. လို့ ပေးထားပေမယ့်မေးခွန်းမှာ Perishable foodstuffs ------- different ranges of temperature. လို့ ပေးထားရင် ဒီကွက်လပ်မှာ ဖြည့်ရမယ့် စကားလုံးက verb simple form ဖြစ်ရပါမယ်။
ဒါကြောင့် requiring ဆိုတဲ့ စာပိုဒ်ထဲက persent participle နဲ့ ပေးထားတဲ့ စကားလုံးကို ဒီအတိုင်း ပြန်ကူး ရေးလို့မရပါဘူး။ အဖြေမှန်က require ဖြစ်ပါတယ်။
တစ်ခါတလေ verb form ဖြည့်ရတာဖြစ်ပေမယ့် active voice form ကနေ passive voice form ပြောင်းဖို့ လိုချင်ရင်လိုလိမ့်မယ်။ ဥပမာ Robots ထဲက စာကြောင်းတစ်ကြောင်းဖြစ်တဲ့ Robots are used in the process for the painting,welding and assembly of the cars. လို့ပေးထားပေမယ့် မေးထားတဲ့ စာကြောင်းက People------ robots in the process for the painting, welding and assembly of the car. လို့ ပေးထားတဲ့အတွက် ဒီစာကြောင်းမှာ သုံးရမယ့် Verb က Passive verb form မဟုတ်တော့ဘဲ active verb form ဖြစ်ရပါမယ်။ ဒါကြောင့် အဖြေမှန်က use ဖြစ်ပါတယ်။
Question No.1(B) ကတော့ Answer each question in one sentence. ဖြစ်တယ်။ စာပိုဒ်ထဲမှာပါတဲ့ အကြောင်းအရာ အချက်အလက်တွေကိုမေးတဲ့ မေးခွန်း(၅) ခုမေးထားပြီး ဒီမေးခွန်းတွေကို ပေးထားတဲ့ စာပိုဒါထဲက အဖြေရှာပြီး ပြည့်စုံတဲ့ဝါကျတစ်ကြောင်းနဲ့ အဖြေရေးပေးရမှာဖြစ်တယ်။ အမှတ်ပြည့်ရရှိဖို့အတွက် မေးခွန်းမှာမေးတဲ့အကြောင်းအရာ (content)ရော၊ သဒ္ဒါ (Grammar) ပါ မှန်မှန်ကန်ကန်ဖြေနိုင်အောင် များများ လေ့ကျင့်ထားဖို့လိုပါတယ်။ ဥပမာ- စာပိုဒ်ထဲမှာ Jenny Tier Bishop sat befor the mirror, turning her head from side to side. လို့ ပေးထားပြီး While sitting before the mirror, Jenny Tier Bishop turned her head form side to side.လို့ မှန်မှန်ကန်ကန် ပြန်ဖြေပေးမှသာ အမှတ်ပြည့်ရမှာဖြစ်တယ်။ Past tense နဲ့ မေးထားတဲ့အတွက်၊ အဖြေကလည်း Past tense verb ကိုပြန်သုံးရပါမယ်။
ပြဋ္ဌာန်းစာအုပ်ပါ စာပိုဒ်များနဲ့ဆိုင်တဲ့ မေးခွန်းတွေကို အလွတ်ကျက်မှတ်တာထက် မေးခွန်းအမျိုးမျိုးကို ဖြေတတ် အောင်လေ့ကျင့်ထားဖို့လိုပါတယ။် စာပိုဒ်ထဲက သက်ဆိုင်တယ်ထင်တဲ့ စာကြောင်းတွေကို တိုက်ရိုက် ကူးချပေး လိုက်တာမျိုးလည်း မပြုလုပ်ကြဖို့ သတိပေးချင်ပါတယ်။ မေးထားတာကို ဆီလျော်အောင် မှန်မှန်ကန်ကန် ပြန်ဖြေ တတ်အောင် လေ့ကျင့်ထားဖို့လိုပါတယ်။
မေးခွန်းနံပါတ်(၂)မှာ ပေးထားတဲ့ မေးခွန်းကတော့ fill in each blank with a word from the list given. Write down only the numger of the blank and the word that fills it. ဖြစ်ပါတယ်။
ဒီမေးခွန်းအတွက် ပြဌာန်းစာအုပ်မှာပါတဲ့ Unit (၁၄) ခုထဲက စာပိုဒ်တစ်ပိုဒ်ကို (၈) လုံးမြောက် စကားလုံး တွေကို ကွက်လပ်လုပ်ထားပြီး မေးထားတယ်။ ကွက်လပ်ပေါင်း (၂၀)ရှိပြီး ဒီကွက်လပ်တွေကြို ဖည့်စွက်ဖို့ စကားလုံး (၂၀)ကိုလည်း စာပိုဒ်အပေါ်မှာ ပေးထားပါတယ်။
သတိပြုရမယ့်အချက်ကတော့ စာပိုဒ်ကြီးတစ်ပိုဒ်လုံးကို ပြန်ကူးရေးဖို့ မလိုပါဘူး။ ကွက်လပ်နံပါတ်နဲ့ အဖြေကို သာ ရေးရမှာဖြစ်တယ်။ ဒီမေးခွန်းဟာ ကျောင်းသား ကျောင်းသူတွေရဲ့ အင်္ဂလိပ်စာ တတ်မြောက်မှုကို ခြုံငုံစစ် ဆေးတာ ဖြစ်တယ်။
မေးခွန်းနံပါတ်(၃)ကတော့ ကျောင်းသား ကျောင်းသူတွေရဲ့ အင်္ဂလိပ်စာ တတ်ကျွမ်းမှုစွမ်းရည်အပြင် မှတ်သား နိုင်မှုစွမ်းရည်ကို စစ်ဆေးတဲ့ မေးခွန်းပုံစံဖြစ်တယ်။ Write the appropriate words or groups of words to complete the sentences or lines of verse. လို့မေးမှာဖြစ်တယ်။ Item (၁၀) ခု မေးထားပြီးတော့ ကွက်လပ်(၁၀)ခုကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ကွက်လပ်(၅) ခုက text မှာပါတဲ့ Unit (၁၄) ခုထဲက ကောက်နုတ်ချက်တွေဖြစ်တယ်။
ဒီမေးခွန်းဟာ ကျောင်းသား ကျောင်းသူတွေရဲ့ သင်ယူထားတဲ့ အချက်အလက်တွေနဲ့ ကဗျာတွေကို နားလည် မှတ်သားပြီး ပြန်ပြီးရေးသား တင်ပြနိုင်မှုစွမ်းရည် ရှိမရှိကို စစ်ဆေးတာဖြစ်တယ်။ တိတိကျကျ ပြန်လည် ဖော်ပြတာကိုပဲ လိုချင်တဲ့အတွက် စာလုံးပေါင်း မှားယွင်းမှုမရှိအောင် သတိထားကြဖို့ လိုပါတယ်။ ကွက်လပ် တွေကို ဖြည့်တဲ့နေရာမှာ စကားလုံးတစ်လုံးတည်း ဖြည့်ရတာရှိသလို စကားစုတစ်စု ဖြည့်ရတာမျိုးလည်း ရှိတာကို သတိပြုဖို့လိုပါတယ်။ နမူနာပြရမယ်ဆိုရင်
1. Looking good does not mean making yourself into ------ of a famous pop star.
2. A year is the length of time ------ takes to travel around the sun one time.
3. March wind ranges; April ------;
ဆိုတဲ့ မေးခွန်းတွေကို ကြည့်မယ်ဆိုရင် နံပါတ် (၁) မှာ a carbon copy ဆိုတဲ့စကားလုံးသုံးလုံးလိုပေမယ့် နံပါတ်(၂)မှာတော့ the earth ဆိုတဲ့ စကားလုံး နှစ်လုံးလိုမှာဖြစ်တယ်။ နံပါတ်(၃)မှာဆိုရင် အဖြေက changes စကားလုံး တစ်လုံးလိုမှာဖြစ်တယ်။
မေးခွန်းနံပါတ်(၄)ဟာ ပြဋ္ဌာန်း စာအုပ်ကို ကျေကျေညက်ညက် လေ့လာထားမှု ရှိ မရှိ စစ်ဆေးနိုင်ဖို့ မေးခွန်း(၅)ခု မေးထားပါတယ်။
မေးခွန်းနံပါတ်(၄)item 1 နဲ့ item 2 ကတော့ text မှာပါတဲ့ Unit (၁၄)ခုထဲက ကောက်နုတ်မေးထားတာပဲ ဖြစ်တယ်။ ဒီမေးခွန်းနှစ်မျိုးစလုံးမှာ choices ပေးထားပါတယ။် OR ခံထားတဲ့မေးခွန်းထဲက ကြိုက်ရာ တစ်ပုဒ်ကို ရွေးဖြေကြရမှာ ဖြစ်တယ်။ ကျောင်းသား ကျောင်းသူများဟာ အချက်အလက်ရော သဒ္ဒါပါ မှန်ကန်တဲ့ အဖြေစာကြောင်းများနဲ့ ဖြေကြားရမှာဖြစ်ပါတယ်။
ဥပမာ
IV.1.For whom was the first clock with a face and an hour hand made and where was it placed? (OR)
Among which age group is sleepwalking most common and when do they grow out of it? လို့ နံပါတ်(၁) မှာ မေးတယ်ဆိုပါစို့။
ပထမမေးခွန်းကို ရွေးပြီးဖြေမယ်ဆိုရင် အဖြေက The first clock with a face and an hour hand was made for a king of France and it was placed in a tower of the royal palace. ဒုတိယမေးခွန်းကို ရွေးပြီးဖြေမယ်ဆိုရင် အဖြေက Sleepwalking is most common among children and they grow out of it when they become adolescents. ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို မှန်မှန်ကန်ကန်ဖြေဆိုနိုင်ဖို့ Unit (၁၄) ခုလုံးမှာပါတဲ့ အကြောင်းအရာတွေကို အသေးစိတ်ဖတ်ပြီး မှတ်သားထားဖို့ လိုပါတယ်။
ဒီမေးခွန်းနံပါတ်(၄)ရဲ့ item 3 နဲ့ item 4 မှာ မေးလေ့ရှိတဲ့ မေးခွန်းပုံစံတွေထဲက တစ်မျိုးကတော့ Who said these words and to whom were they said? What is the title of the unit from which the sentence is taken?
ဥပမာ Who said these words and to whom were they said? What is the title of the unit from which the sentence is taken?
“Soon after the two of you left, I built a fire” လို့မေးခဲ့ရင် အဖြေက The man of music and dancing said these words to his friends, the philosopher and the medico. The sentence is taken from (the story) “Too Much Knowledge Maketh Fools. ဖြစ်ပါတယ်။
မေးနိုင်တဲ့ အလားတူ မေးခွန်းပုံစံနော်တစ်မျိုးကတော့ What is the title of the unit from which the sentence is taken? What does the word underlined in the sentence refer to? အဲဒီစာကြောင်းထဲမှာ It တို့ We တို့ They တို့ Pronoun ကို မျဉ်းတားခဲ့ရင် အဲဒီ Pronoun က ဘာကို ညွန်းတယ်ဆိုတာ အဖြေဝါကျထဲမှာ သဲသဲကွဲကွဲ ဖော်ပြ ဖြေဆိုရမှာ ဖြစ်တယ်။
ဥပမာ what is the title of the unit from which the sentence is taken? What does the word underlined in the sentence refer to?
The female mosquito locates her human targets by following the carbon dioxide that we exhale. လို့မေးရင် အဖြေက The title of the unit from which the sentence is taken is ‘Mosquito; Getting to know the enemy.’ The word underlined in the sentence refers to ‘the mosquitos. လို့ ဖြေရပါမယ်။
ဒါမှမဟုတ် နောက်တစ်မျိုးမေးနိုင်တာက What is the title of the unit from which the sentence is taken? What does the following sentence mean? ဆိုတဲ့ မေးခွန်းမျိုးဖြစ်တယ်။ ဥပမာ What is the title of the unit from which sentence is taken? What does the following sentence mean?
To my ears it sounded so much like the rhythmic beats of music coming from a drum that I started dancing to it? လို့မေးလာရင် အဖြေက The title of the unit from which the sentence is taken is “Too Much Knowledge Maketh Fools”. The sentence means that the bubbling noise of the boiling rice sounden so much like the regular repeated pattern of music which comes from a drum to the man of music and dancing that he started dancing to the bubbling noise of the boiling rice. လို့ ဖြေရပါမယ်။
ဒီအဖြေက နမူနာအဖြေသာဖြစ်တယ်။ ဒီစာကြောင်းရဲ့ ဆိုလိုရင်းကို ပေါ်လွင်စေတဲ့ သဒ္ဒါမှန်တဲ့ ဘယ်အဖြေကို မဆို လက်ခံပါတယ်။ မေးခွန်းရဲ့ ဒုတိယအပိုင်းဖြစ်တဲ့ What does the following sentence mean? ဆိုတဲ့ မေးခွန်းမှာ Unit (၁၄) ခုထဲက စာကြောင်းတစ်ကြောင်းကို ထုတ်နုတ်ပြထားပြီး အဲဒီစာကြောင်းရဲ့ဆိုလိုရင်းကို မေးတာဖြစ်တယ်။
ဒီမေးခွန်းနံပါတ်(၄)ရဲ့ item 5 ကတော့ ကဗျာတွေထဲက စာကြောင်းနှစ်ကြောင်းလောက်ကိုပေးထားပြီး ဆိုလို ရင်း အဓိပ္ပာယ်ကို ရေးခိုင်းတာပဲ ဖြစ်တယ်။ What do these lines mean? လို့ မေးမှာဖြစ်တယ်။ ဒီမေးခွန်းကို ဖြေနိုင်ဖို့ကတော့ ပြဌာန်းထားတဲ့ ကဗျာတွေရဲ့ အဓိပ္ပါယ်ကို နားလည်သိရှိထားဖို့လိုပါတယ်။
ကဗျာကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ၊ ဆိုလိုရင်းအဓိပ္ပါယ်ရော၊သဒ္ဒါရောမှန်ရပါမယ်။
ဥပမာ What do these lines mean? What is this life if, full of care,- We have no time to stand and stare? ဆိုတဲ့ ကဗျာထဲက စာကြောင်း ၂ ကြောင်းကို ပေးထားတယ်ဆိုပါစို့။ အဲဒီကဗျာ ၂ကြောင်းရဲ့ စကား ပြေကို ပြန်ပေးရမှာ ဖြစ်ပါတယ်။
မေးခွန်းနံပါတ်(၅)က မေးခွန်းနံပါတ်(၁) B လိုပဲ Unit (၁၄)ခုထဲကစာပိုဒ်တစ်ပိုဒ်ပေးထားပြီး မေးခွန်း(၅)ခုကို ဖြေပေးရမှာဖြစ်တယ်။ ဒီမေးခွန်းတွေကို ကောင်းကောင်းဖြေဆိုနိုင်ဖို့အတွက် ပြဋ္ဌာန်းစာအုပ်ကို ကျေကျေ ညက်ညက်ဖတ်ပြီး အဓိပ္ပာယ်သိရမယ်။ အကြောင်းအရာနဲ့ သဒ္ဒါမှန်ကန်တဲ့ ဝါကျတွေ တည်ဆောက် တတ်အောင်လဲ များများလေ့ကျင့်ထားရပါမယ်။
ဥပမာ-Preventing malaria includes a variety of measures; wearing protective clothing, using repellents and sleeping under bed nets treated with insecticides. လို့ ပေးထားပြီး How can we prevent malaria? လို့ပေးထားပြီး How can we prevent malaria? လို့မေးရင် စာပိုဒ်ထဲမှာ ပေးထားတဲ့ အတိုင်း ပြန်မကူးဘဲ We can prevent malaria by wearing protective clothing, using repellents and sleeping under bed nets treated with insecticides. လို့ မှန်မှန်ကန်ကန် ပြန်ဖြေပေးမှသာ အမှတ်ပြည့် ရမှာဖြစ်တယ်။
မေးခွန်းနံပါတ်(၆) ကတော့ Punctuation နဲ့ ဆိုင်တဲ့ မေးခွန်းဖြစ်ပါတယ်။ Punctuate the following လို့ မေးမှာဖြစ်တယ်။ capital, comma,semi-colon, colon, full stop, question mark, open and close inverted commas, exclamation mark, apostrophe တွေကို မှန်မှန်ကန်ကန် သုံးစွဲတတ် မတတ် စစ်ဆေးမှာ ဖြစ်တယ်။ အဓိကကတော့ Punctuation တွေကို ဘယ်လိုသုံးရမလဲဆိုတာ သိဖို့အရေးကြီးတယ်။ သတိပေးချင်တာကတော့ Punctuation မေးခွန်းအတွက် အလွတ်ကျက်ဖို့ မလိုပါဘူး။ လေ့ကျင့်ခန်းများ များလုပ်ပေးဖို့လိုပါတယ်။ ဥပမာအားဖြင့် ဝါကျရဲ့အစ စကားလုံးတို့၊ လူနာမည်တို့ကို Capital letter နဲ့ရေးဖို့၊ ဝါကျအဆုံးမှာ အဆိုဝါကျဖြစ်ရင် full stop သုံးဖို့၊ လူတစ်ဦးတစ်ယောက်ကပြောတဲ့ စကားလုံးတွေကို ပေးထားရင် အဲဒီစကားလုံးတွေရဲ့ အစနဲ့အဆုံမှာ inverted commas တွေသုံးဖို့ သိရပါမယ်။
ဥပမာ ဖတ်စာအုပ်ထဲမှာ ပေးထားတဲ့ စာကြောင်းတစ်ကြောင်းကို ကြည့်ရအောင် she is different I said she has manners but she doesn’t have language ဒီစာကြောင်းကို ကြည့်ရင် direct speech နဲ့ ရေးထားတဲ့ ဝါကျဖြစ်တယ်။ ပြောတဲ့သူက First person pronoun ဖြစ်တဲ့ “I”ဖြစ်လို့ Capital letter နဲ့ ရေးရပါမယ်။ သူ့ရဲ့နောက်လိုက်တဲ့ Introductory verb ‘said’ ရဲ့နောက်မှာ comma(,) ရှိရပါမယ်။ I ကပြောတဲ့ အကြောင်းအရာနှစ်ခုက I ရဲ့ တစ်ဖက်တစ်ချက်မှာ ရှိနေတာတွေ့ရပါမယ်။ I ကပြောတဲ့ စကားလုံးတွေက she is different နဲ့ she has manners but she doesn’t have language ဖြစ်လို့ I ကပြောတဲ့ စကားလုံးတွေရဲ့ အစမှာ open inverted commas(“)ရှိပြီး သူပြောတဲ့ စကားတွေရဲ့အဆုံးမှာ close inverted commas(”)ရှိရပါမယ်။
She is different ဆိုတဲ့ I ကပြောတဲ့ ပထမအကြောင်းအရာရဲ့ နောက်မှာလည်း ဝါကျမဆုံးသေးလို့ comma ရှိရပါမယ်။ ဝါကျရဲ့ ဒုတိယပိုင်းကိုကြည့်မယ်ဆိုရင် နှစ်ပိုင်းပါတာကို တွေ့ရပါမယ်။ she has manners နဲ့ but she doesn’t have language တို့ ဖြစ်ပါတယ်။ ဒီအပိုင်းနှစ်ပိုင်းကို but ဆိုတဲ့ sentence connector နဲ့ ဆက်ထားလို့ but ဆိုတဲ့ sentence connector ရဲ့ ရှေ့မှာ comma(,)ရှိရပါမယ်။ ဆက်ပြီးကြည့်မယ်ဆိုရင် doesnt ဆိုတဲ့ စကားလုံးဟာ spelling မမှန်ပါဘူး။ does နဲ့ not ကို အတိုကောက် (contracted form) နဲ့ ရေးတာဖြစ်လို့ ‘n’ နဲ့ ‘t’ ကြားမှာ apostrophe (’)ရှိရပါမယ်။ ပြီးတော့ ဝါကျရဲ့အစတွေကို capital letter နဲ့ စပြီးရေးရမှာဖြစ်ပြီး ဝါကျရဲ့ အဆုံးမှာ full stop ရှိရပါမယ်။ ဒီပေးထားတဲ့ ဝါကျကို ကြည့်မယ်ဆိုရင် Punctuation marks စုစုပေါင်း (၁၂) ခုလိုပါတယ်။
မေးခွန်းနံပါတ်(၇)မှာ အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။ မေးခွန်းနံပါတ်(၇)ပထမပိုင်း VII A က Stylistic Transformation လို့ခေါ်ပါတယ်။ Finish each sentence in such a way that it means exactly the same as the sentence that is given လို့ မေးမှာဖြစ်တယ်။ ပေးထားတဲ့စာကြောင်း (၁၀) ကြောင်းကို အဓိပ္ပါယ်မပြောင်းလဲစေဘဲ ပြန်ရေးပေးရမှာဖြစ်တယ်။ မလိုတာတွေ ထည့်မရေးပါနဲ့။Write a short paragraph ဆိုတာကို သတိပြုပါ။ ပေးထားတဲ့ Prompts တွေနဲ့ သဒ္ဒါမှန်တဲ့ ဝါကျတွေ ဆောက်တတ်ဖို့လိုတယ်။ ဥပမာ Dengue Fever အကြောင်းကို ရေးခိုင်းတယ်ဆိုပါစို့။ ပေးထားတဲ့ Prompts တွေက
- Dengue fever - viral disease – varried - Aedes mosquito
- Disease occurs mainly – tropical – subtropical regions
လို့ ပေးထားတယ်ဆိုပါစို့။
ပထမဝါကျမှာ dengue fever ဟာ viral disease ဖြစ်တယ်လို့ အဓိပ္ပါယ်ရလို့ ဖြစ်ခြင်းကိုပြတဲ့ verb to be ဖြစ်တဲ့ “is” ကို သုံးရပါမယ်။ ပြီးတော့ အဲဒါ ဝါကျမှာ viral disease ဟာ singular noun ဖြစ်လို့ article ‘a’ ထည့်ပေးရမယ်။ ပြီးတော့ dengue fever ကို Aedes ခြင်က သယ်ဆောင်တာဖြစ်လို့ whivh is carried by Aedes mosquito လို့ ရေးရပါမယ်။ ဒီနေရာမှာ which ဆိုတဲ့ relative pronoun နဲ့ verb to be ဖြစ်တဲ့ is ကို ထားခဲ့ရင်လည်းပဲ ရပါတယ်။ ဒီအပိုင်းကို passive voice နဲ့ ရေးထားတဲ့အတွက် ပြုလုပ်သူ(agent) ဖြစ်တဲ့ Aedes mosquito ရှေ့မှာ by ထည့်ဖို့လိုပါမယ်။ ပြီးတော့ Aedes mosquito ဆိုတာ ခြင်အမျိုးအစားတစ်မျိုးရဲ့ ကိုယ်ပိုင်နာမည်ဖြစ်လို့ အဲဒီအမည်ရဲ့ရှေ့မှာ definie article ‘ the’ လိုပါမယ်။
ဒါကြောင့် Dengue fever-viral diseasev- carried- Aedes mosquito ဆိုတဲ့ prompts တွေကို ပြန်ရေးရာမှာ Dengue fever is a viral disease, (which is) carried by the Aedes mosquito လို့ ပြန်ရေးရပါမယ်။
နောက်တစ်ကြောင်းကို ရေးပြရမယ်ဆိုရင် ပေးထားတဲ့ Prompts တွေက disease occurs mainly- tropical- subtropicak regions ဖြစ်ပါတယ်။ ဒီဝါကျကိုကြည့်မယ်ဆိုရင် disease ဆိုတဲ့ စကားလုံးနဲ့ စတာဖြစ်ပေမယ့် ပထမဝါကျမှာ နိဒါန်းပျိုးပြီးသာဖြစ်တဲ့ dengue fever အကြောင်းကို ပြောတာဖြစ်လို့ definite article ‘the’ လိုပါမယ်။ ပြီးတော့ ဒီရောဂါဟာ tropical နဲ့ subtropical ဒေသတွေမှာ ဖြစ်တဲ့အတွက် နေရာကို ဖော်ပြဖို့ in ဆိုတဲ့ preposition လိုပါမယ်။ ပြီးတော့ နေရာဒေသနှစ်ခုအကြောင်း ကိုပြောလို့ tropical နဲ့ subtropical ကို and ဆိုတဲ့ conjunction နဲ့ ဆက်ရပါမယ်။ ဒါကြောင့် disease occurs mainly – tropicak –subtropical regions ဆိုတဲ့ prompts တွေကို ပြန်ရေးရာမှာ The disease occurs mainly in tropicak and subtropical regions. လို့ ပြန်ရေးရပါမယ်။
ဒီလို prompts တွေကိုသုံးပြီး ဝါကျဖြစ်အောင် ပြန်ရေးရာမှာ article တွေဖြစ်တဲ့ “a”တို့ “an”တို့ “the” တို့ လိုရင်တည့်ရမယ်။ verb to be ဖြစ်တဲ့ “am” တို့ “is” တို့ “are”တို့ လိုရင်ထည့်ပေးရမယ်။ မေးခွန်း နံပါတ် (၈)ကတော့ letter writing ဖြစ်ပါတယ်။ ပေးထားတဲ့ မေးခွန်း(၃)ပုဒ်ထဲက ကြိုက်ရာတစ်ပုဒ်ပဲ ဖြေရပါမယ်။ ဒီမေးခွန်းကို ဖြေဆိုတဲ့အခါ သတိပြုရမယ့် အချက်တွေကတော့ ပေးထားတဲ့ညွှန်ကြားချက်တွေကို သေသေ ချာချာဖတ်ဖို့ပဲဖြစ်တယ်။ ဒီနေရာမှာ-(၁) စာရေးမယ့်သူက ဘယ်သူလဲဆိုတာသိဖို့ လိုပါတယ်။ (၂) ဘယ်သူ့ ဆီကို ရေးရမလဲဆိုတာ ကြည့်ပါ။ (၃) ဘာအကြောင်းအရာရေးရမလဲဆိုတာ အရင်သေသေချာချာ ဖတ်ပါ။ ရေးခိုင်းတဲ့ အကြောင်းအရာ တစ်ချက်လား၊ နှစ်ချက်လားဆိုတာ သေသေချာချာဖတ်ပြီးမှ ရေးဖို့လိုပါတယ်။ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ မေးခွန်းမှာ စာရေးသူ (addresser) နဲ့ စာလက်ခံ ရရှိမယ့်သူ (addressee) တွေရဲ့ နာမည်ကို ပေးထားပြီးသားဖြစ်တယ်။ ဒါကြောင့် ကိုယ်ဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်၊ ဘယ်ကျောင်း၊ ဘယ်မြို့နယ်ကဖြစ်တယ်ဆိုတာ လုံးဝထည့်မရေးဖို့ အထူး သတိပေး ချင်ပါတယ်။ နမူနာ မေးခွန်းတစ်ပုဒ်ကို ကြည့်ကြရအောင်၊ You are Nyi Nyi. You live at No.1, Pagoda Road, Pyay.Write a letter to your friend Aung Aung who lives in Bago, asking him which university he would like to join and what he is doing to make his dream come true.
ဒီမေးခွန်းကိုကြည့်ရင် စာရေးမယ့်သူက Nyi Nyi ဖြစ်တယ်။ ဘယ်သူ့ဆီကို ရေးမလဲဆိုတော့ Aung Aung ဆီကိုရေးရမှာဖြစ်လို့ Dear Aung Aung လို့ စရေးမယ်။ ပြီးတော့ ရေးခိုင်းတဲ့အကြောင်းအရာကို ကြည့်မယ်ဆိုရင် asking him which university he would like to join နဲ့ what he is doing to make his dream come true. ဆိုတဲ့ အကြောင်းအရာနှစ်ချက်ပါတဲ့အတွက်ကြောင့် နှစ်ချက်လုံးပါအောင်ရေးမှသာ အမှတ်ကောင်းကောင်းရမှာဖြစ်တယ်။ မေးခွန်းမှာမေးထားတဲ့အကြောင်းအရာကို သေသေချာချာ မဖတ်ဘဲ အလွတ်ကျက်ထားတာ အားလုံးချရေးပြီး ဖြေတာမျိုးဟာ အမှတ်ကောင်းကောင်းမရနိုင်ပါဘူး။ လိုရင်း အချက်အားလုံးပါမှ အမှတ်ကောင်းကောင်းရမယ်။
မေးခွန်းနံပါတ်(၉) ကတော့ essay writing ဖြစ်ပါတယ်။ ပေးထားတဲ့ ခေါင်းစဉ်(၃) ခုထဲက ကြိုက်ရာတစ်ခုကို ရေးရမှာဖြစ်တယ်။ တက္ကသိုလ်ဝင်စာမေးပွဲအဆင့်မှာ စာစီစာကုံးနဲ့ ပေးစာတွေကို ကောင်းအောင်ရေးနိုင်ဖို့
(၁) Organization - ဖွဲ့စည်းပုံကောင်းခြင်း။ အကြောင်းအရာအချက်အလက်တွေကို နိဒါန်း၊ စာကိုယ်၊ နိဂုံး စသဖြင့် အစီအစဉ်ကျက် ရေးနိုင်ခြင်းဖြစ်တယ်။
(၂) Relevancy -သက်ဆိုင်မှုရှိခြင်း၊ မိမိရေးရမယ့် အကြောင်းအရာနဲ့ သက်ဆိုင်တာကိုပဲ ရေးရမှာဖြစ်တယ်။ လုံးဝသက်ဆိုင်မှုမရှိတဲ့ အကြောင်းအရာတွေကိုရေးခဲ့ရင် သက်ဆိုင်မှုမရှိဘူးလို့ သတ်မှတ် မှာဖြစ်လို့ အမှတ်မရနိုင်ဘူး။
(၃) Content - အချက်အလက်မှန်ကန်ပြည့်စုံခြင်း။ ရေးရမယ့် အကြောင်းအရာနဲ့ စပ်လျဉ်းတဲ့ အချက်အလက်နဲ့ ဥပမာတွေကို ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးသားနိုင်ဖို့လိုပါတယ်။
(၄) Language - အသုံးအနှုန်း မှန်ကန်ခြင်း။ သုံးတဲံစကားလုံးဝေါဟာရတွေမှန်ခြင်း၊ ကောင်းခြင်း၊ လှခြင်း၊ ကြွယ်ဝခြင်းနဲ့ သဒ္ဒါမှန်မှန်၊ ဝါကျဖွဲ့စည်းပုံမှန်မှန်နဲ့ ဝါကျအမျိုးမျိုးရေးတတ်ခြင်းတို့ဖြစ်တယ်။
(၅) Presentation - တင်ပြပုံကောင်းခြင်း။ ရေးတဲ့အကြောင်းအရာကို စာဖတ်သူ ဖတ်လို့ကောင်းအောင် ဖွဲ့နွဲ့တင်ပြနိုင်စွမ်းရှိရပါမယ်။
(၆) ပေးစာရေးရာမှာဖြစ်ဖြစ်၊ စာစီစာကုံးရေးရာမှာပဲဖြစ်ဖြစ် မလိုအပ်ဘဲ အလွန်ရှည်လျားတဲ့ စာတွေ၊ စာစီစာကုံးတွေကို မရေးဘဲ ကျစ်ကျစ်လျစ်လျစ် ထိထိမိမိနဲ့ သဒ္ဒါမှန်မှန်နဲ့ ရေးဖို့ပဲအရေးကြီးပါတယ်။ ဥပမာ Enemies of youths today ဆိုတဲ့ စာစီစာကုံးရေးခိုင်းမယ်ဆိုရင် enemy တစ်ခုတည်းရေးလို့မရပါဘူး။ enemy တစ်ခုတည်းအကြောင်းကို ရေးရင် အမှတ်ကောင်းကောင်း မရနိုင်ပါဘူး။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေကို အထူးမှာချင်တာကတော့ ပြဌာန်း စာအုပ် မှာပါတဲ့ unit (၁၄) ခုလုံးက စာပိုဒ် passages တွေကို တစ်ခုမကျန် သေသေချာချာ ဖတ်ရှုမှတ်သားဖို့၊ ပေးထားတဲ့ လေ့ကျင့်ခန်းတွေကို များများပြုလုပ်ကြဖို့၊ ကဗျာတွေကိုလည်း ရွတ်ဆိုနိုင်ရုံ သာမက အဓိပ္ပါယ် ဖွင့်ဆိုတတ်အောင် ကြိုးစားဖို့လိုပါတယ်။ ပေးစာနဲ့ စာစီစာကုံးတွေကိုလည်း ကျစ်ကျစ် လစ်လစ်နဲ့ ဆီလျော် မှန်ကန်အောင် ရေးတတ်ဖို့လည်း ကြိုးစားပါ။ ဒါမှ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးထူးချွန်ချွန်ဖြေဆို အောင်မြင် နိုင်မှာဖြစ်ပါတယ်။

No comments:

Post a Comment