Friday, January 15, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် မီးပုံပွဲ အခမ်းအနား တက်ရောက်




လဟယ် ဇန်န၀ါရီ ၁၅
 
၂၀၁၆ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် မီးပုံပွဲ အခမ်းအနားကို ယနေ့ ညပိုင်းတွင် လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ တက်ရောက်အားပေးသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးရူစံကြူးနှင့် နာဂရိုးရာ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦး နောင်ခွန် တို့က နာဂရိုးရာ မီးထင်းပုံကို မီးထွန်း ညှိပေးကြသည်။

ထို့နောက် လဟယ်မြို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူငယ်အဖွဲ့က စာရိမေရိ သက်သေအကနှင့် ဟရှိုတ်နုတ်ညို ရိုးရာ ယဉ်ကျေးမှု အကတို့ ကိုလည်း ကောင်း၊ ယမ်းကြုံး၊ လောနောက်ကုန်းနှင့် ကျွန်းခေါင် ကျေးရွာ ယဉ်ကျေးမှု အဖွဲ့များက ရိုးရာယဉ်ကျေးမှု အကများဖြင့် လည်းကောင်း၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ နာဂတိုင်းရင်းသားများ၏ ရိုးရာ ၀တ်စားဆင်ယင်မှုများကိုလည်းကောင်း၊ ကုန်းလမ်း၊ စံတုံ၊ ကားရော် နောက်ညို၊ ရန်စီ၊ ဆော်လော်၊ ကဲဆန်၊ ဟွေကွန်၊ ညှင်ရှောင် ကျေးရွာ များနှင့် လဟယ်မြို့ နာဂလူငယ် အဖွဲ့များက ရိုးရာ ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် အထူးအစီအစဉ်အဖြစ် ၂၀၁၆ ခုနှစ် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်သို့ တက်ရောက် လာကြသူများနှင့် နာဂတိုင်းရင်းသား ညီအစ် ကို မောင်နှမ များက မီးပုံဘေးတွင် ၀ိုင်းဖွဲ့ ၍ အတူတကွ ကကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ က ၂၀၁၆ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အတွက် ငွေကျပ် သိန်း ၅၀ နှင့် နာဂရိုးရာ ယဉ်ကျေးမှု အဖွဲ့များ အတွက် ဂုဏ်ပြု ချီးမြှင့်ငွေကျပ် သိန်း ၇၀ တို့ကို တာဝန်ရှိသူများထံ ချီးမြှင့် ပေးအပ်သည်။

ဆက်လက်၍ နာဂရိုးရာ ယဉ်ကျေးမှုအဖွဲ့များအတွက် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက ငွေကျပ် ၂၈ သိန်း၊ မန္တလေးတိုင်းဒေ သကြီး ၀န်ကြီးချုပ် ဦးရဲ မြင့်တို့က ငွေကျပ် ၇ သိန်းတို့ကို ပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် ဒေသအသီးသီးမှ နာဂရိုးရာအကအဖွဲ့ဝင်များက ရိုးရာပွဲတော် တို့နွှဲပျော်နှင့် လှမ်းခဲ့တော့ လဟယ်မြေ သီချင်းများကို သံပြိုင် သီဆိုနှုတ်ဆက် ကပြ ကြပြီး မီးပုံပွဲကို ရုပ်သိမ်းလိုက်သည်။

No comments:

Post a Comment