Friday, January 15, 2016

နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ







လဟယ် ဇန်န၀ါရီ ၁၅

၂၀၁၆ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်း၌ ကျင်းပ ရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးနှင့် ဦးရဲမြင့် ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးရူစံကြူးနှင့် အဖွဲ့ဝင်များ၊ ဒေသခံ နာဂ တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ နိုင်ငံတော်သမ္မတအား ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးရူစံကြူးက နာဂ ဦးထုပ်၊ အောင်းလှံ၊ ကုတ်အင်္ကျီနှင့် နာဂစောင်တို့ကို ၀တ်ဆင်ပေး သည်။

ဖွင့်ပွဲအခမ်းအနားတွင် သဘာပတိ နာဂတိုင်းရင်းသား ဦးပေါင်ခု က အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နှုတ်ခွန်းဆက်စကား ပြောကြား ရာတွင် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော် အခါသမယတွင် မိမိ ကိုယ်တိုင် တက်ရောက်အား ပေးခွင့်ရသည့်အတွက် အတိုင်းထက် အလွန် ၀မ်းမြောက် ဂုဏ်ယူမိပါကြောင်း။

သဘာဝရေမြေ တောတောင်အလှအပတို့ကို ပိုင်ဆိုင်ထားသည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များကို ဆွဲဆောင် လျက်ရှိသည့် အတွက် နိုင်ငံခြားဧည့်သည်များ စိတ်ပါ ၀င်စားစွာ လာရောက်လေ့လာခြင်း၊ နှစ်သစ်ကူး ပွဲတော်သို့ ဒေသခံများနှင့်အ တူ ပါဝင်ဆင်နွှဲခြင်းများကိုလည်း ဂုဏ်ယူ ဖွယ်ရာတွေ့ရှိရပါကြောင်း။

နာဂတိုင်းရင်းသားတို့သည် ပင်ကိုယ်အားဖြင့် ရိုးသားတည်ကြည်ခြင်း၊ သစ္စာ ရှိခြင်း၊ ရိုင်းပင်းကူညီတတ်သည့် စိတ်ဓာတ် ရှိကြသော လူမျိုး တစ်မျိုးအဖြစ်လည်း ထင်ရှားလျက်ရှိပါကြောင်း၊ နာဂနှစ်သစ်ကူးပွဲတော် ကျင်းပ ရခြင်း ရည်ရွယ်ချက်သည် ကုန်လွန်ခဲ့သည့် နှစ်တစ်နှစ်၏ အတွေ့အကြုံများနှင့် ကြုံတွေ့ရသော အခက် အခဲများ၊ စိန်ခေါ်မှုများနှင့် အောင်မြင်မှုများကို အခြေပြုပြီး လာမည့်နှစ်သစ်အတွက် အကောင်းဆုံး စီမံချက်များ ကြိုတင် ချမှတ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ ပွဲတော်အတွင်း သီးနှံ များတိုး တက်ဖြစ်ထွန်းပြီး ရာသီဥတု ကောင်းမွန်စေရန် အိမ်မွေးတိရစ္ဆာန်များ ရောဂါ ဘယကင်းဝေးစေရန် ဆုမွန်ကောင်းများ တောင်းကြသော ပွဲတော်တစ်ခုလည်းဖြစ်သည့် အတွက် ကောင်းမြတ်တဲ့ အစဉ် အလာဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေး အတွက် ပြည်သူတို့၏ ဆန္ဒနှစ်ခုဖြစ်သည့် တည်ငြိမ်အေးချမ်းမှုနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက် ရေးကို အကောင်အထည်ဖော်နိုင်ရန် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှု များလည်းရရှိခဲ့ပါကြောင်း။ အရေးကြီးဆုံးမှာ ရရှိထားပြီးဖြစ်သည့် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက် မှုများကို ဆက်လက် ထိန်းသိမ်း ထားပြီး မြင်သာသောအသွင် ကူးပြောင်းမှုများကို ဆက်လုပ်နိုင်ရန် အတွက် အားလုံးက အမြင်ကျယ်ကျယ် ဥာဏ်ပညာရှိရှိ ဆောင်ရွက် သွားရန် တိုက်တွန်းလိုပါကြောင်း။
နိုင်ငံရေးအခြေအနေ တည်တည်ငြိမ်ငြိမ်နှင့် ကျော်လွှားဖြတ်သန်းနိုင်လျှင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ် ပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှလည်း ပြည်သူများ လူနေမှု အဆင့်အတန်း တိုးတက်လာ မည်ဖြစ်ပါကြောင်း။

ပြည်သူအားလုံး၏ အခြေခံလိုအပ်ချက်များဖြစ်သည့် လျှပ်စစ်မီး၊ သန့်ရှင်းသော သောက်သုံးရေ၊ စိုက်ပျိုးရေး၊ အလုပ် အကိုင်ရရှိရေး၊ ခရီးသွား လုပ်ငန်း၊ ငွေကြေး လုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစသည့်ကဏ္ဍများကို တိုင်းဒေ သကြီး/ပြည်နယ် အသီးသီးတွင် ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်ပေး လျက်ရှိပြီး ဒေသခံ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များကလည်း ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း။

ပြည်ထောင်စုကြီးအတွင်း ထာဝစဉ်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းနေထိုင်သော သန္ဓိဌာန်စိတ်ဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အချင်း ချင်း အပြန်အလှန် လေးစားမှုများ ရှိနေသမျှ ကာလပတ်လုံး ပြည်ထောင်စုကြီး အမြဲ ထာဝရတည်တံ့ခိုင်မြဲ နေမည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ နှစ်သစ်ကူးအခါသမယတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး အစဉ်ထာဝရ လက်တွဲလျက် ခေတ်အဆက်ဆက်မျှော် မှန်းတောင့် တခဲ့သည့် အေးချမ်းတည်ငြိမ်ပြီး ခေတ်မီဖွံ့ဖြိုး တိုးတက် သော နိုင်ငံတော် သစ်ဆီသို့ တက်ညီ လက်ညီ ၀ိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြပါစို့ ဟု ပြောကြား သည်။

ယင်းနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက နှစ်သစ်ကူး အမှာစကား ပြောကြားပြီး ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်းပေးပို့သည့် ၂၀၁၆ ခုနှစ် နာဂ နှစ်သစ် ကူးပွဲတော် သ၀ဏ်လွှာကို မှတ်တမ်းတင် သည်။

ထို့နောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်ပေါ်လာပုံသမိုင်းကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးရူစံကြူးက ကျေးဇူး တင်စကား ပြောကြား ပြီး နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ဧည့်သည်တော် များအား နှစ်သစ်ကူးလက်ဆောင် ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူ များက ဒေသဖွံ့ဖြိုးရေး အတွက် ထောက်ပံ့ပစ္စည်း များပေး အပ်ပြီး ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ က ထူးချွန်ကျောင်း သား ကျောင်းသူများအား ဆုများ ချီးမြှင့်သည်။

ထို့နောက် အခမ်းအနား သဘာပတိ က နိဂုံးချုပ်စကား ပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် နာဂရိုးရာ ခေါင်ရည်နှင့် ရိုးရာ အစားအစာများကို သုံးဆောင်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက် လာကြ သူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။

ထိ့နောက် တိုင်းရင်းသားရိုးရာအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် နှစ်သစ်ကူးပွဲတော် အခမ်းအနား ကျင်းပသည့် ကွင်းအနီးရှိ နာဂရိုးရာ ပန်တုံးထုခြင်းကို ပါဝင်ဆင်နွှဲပြီး နာဂရိုးရာ ပန်းပဲဖို နှင့် နာဂရိုးရာ ဂျက်ခုတ်စင်တို့ကို လှည့် လည်ကြည့် ရှုကြသည်။

ယင်းနောက် ကွင်းအတွင်း ခင်းကျင်းပြသထားသည့် ၀န်ကြီးဌာန ပြခန်းများကို ကြည့်ရှုအားပေးခဲ့သည်။ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အ ဖွဲ့သည် လဟယ်မြို့ ဂန္ဓမာလကုန်းတော်ပေါ်ရှိ မြင့်မိုရ်ဦး ရွှေတိဂုံစေတီ တော်သို့ သွားရောက်ဖူးမြော် ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး လက်ယာရစ်လှည့်လည် ကြည်ညိုသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဗဟိုတောင်တန်း သာသနာပြု ကျောင်း တိုက်၌ လဟယ်မြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင် ဆရာကြီးများအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

No comments:

Post a Comment