Friday, January 15, 2016

ကျေးလက်​ဦးစီးဌာန ​ဆောင်​ရွက်​လျှက်​ရှိ​သော လုပ်​ငန်းများအား ဒုတိယဝန်​ကြီးကြည့်​ရှုစစ်​​ဆေး




ကျောင်းကုန်း   ဇန်န၀ါရီ   ၁၄
၂၀၁၅-၂၀၁၆ ဘဏ္ဏာ​ရေးနှစ်​တွင်​ ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်​ခရိုင်​၊​ ကျောင်းကုန်းမြို့နယ်​အတွင်း ဆောင်​ရွက်​လျှက်​ရှိ​သော ဆင်​ကူး သရက်​ပင်​ဆိပ်လမ်း​​ အပိုင်း(၁) (၁/၅.၅၆)မိုင်​ ကွန်​ကရစ်​လမ်းခင်းခြင်းနှင့်​ အပိုင်း (၂) (၁/၄)မိုင်  ကွန်​ကရစ်​လမ်းခင်း ခြင်းလုပ်​ငန်းများအား ဇန်​နဝါရီပထမပတ်​က ​မွေးမြူ​ရေး၊ ​ရေလုပ်​ငန်းနှင့်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုး​တက်​​ရေးဝန်​ကြီးဌာန ဒုတိယ ဝန်ကြီး ​ဒေါက်​တာ​အောင်​မြတ်​ဦးက ကြည့်​ရှုစစ်​​ဆေးခဲ့သည်​။ ၄င်းအပြင်​ သရက်​ပင်​ဆိပ်​​ကျေးရွာ ဖွံ့ဖြိုး​ရေးလုပ်​ငန်းလုပ်​ငန်းများ လည်း ကြည့်​ရှုစစ်​​ဆေးခဲ့သည်​။


ဆက်​လက်​၍ ဒုတိယဝန်​ကြီိးသည်​ ​ကျောင်းကုန်းမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန ရုံးအတွင်းရှိ ​အေးချမ်းသာယာခန်းမ၌ မြို့နယ်​စီမံခန့်​ခွဲ​ရေး​ကော်​မတီ၊ မြို့နယ်​ဖွံ့ဖြိုးတိုးတက်​​ရေး​အ​ထောက်​အကူပြု​ကော်​မတီ၊ မြို့နယ်​စည်​ပင်​သာယာ​ရေး​ကော်​မတီနှင့်​​ ကျေးလက်​ဦးစီးဌာန ဝန်​ထမ်းများနှင့်​​ တွေ့ဆုံ​ဆွေး​နွေးခဲ့ပြီး မြို့နယ်​မှ တင်​ပြေ​ဆွးနွေးမှုအ​ပေါ် ပြန်​လည်​​ညှိနှိုင်း​ပေးခဲ့​ကြောင်း  ​ကျေးလက်​ဦးစီးဌာနမှ သိရသည်​။

                                                                                                                        ဝင်းကြိုင်​(ပြန်​/ဆက်​)

No comments:

Post a Comment