ရန်ကုန်
ဇန်နဝါရီ ၂၃
မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များ
လူမှုကူညီရေးအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးကို ဇန်နဝါရီ ၂၃ ရက်က မြန်မာ့အလင်းသတင်းစာတိုက်
(ရန်ကုန်)၌ ကျင်းပသည်။
အခမ်းအနားတွင် အဖွဲ့ဂုဏ်ထူးဆောင်နာယက
ဦးရဲမြင့်ဖေနှင့် ဂုဏ်ထူးဆောင်နာယက စာတည်းမှူးချုပ် ဦးအောင်နိုင်ဦးတို့က အမှာစကား ပြောကြားပြီး
အဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း (စိုးဝင်း-ကျောက်တန်း)က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် အဖွဲ့နှစ်ပတ်လည်အစီရင်ခံစာကို
အတွင်းရေးမှူး ဦးတင်ဝင်း(တင်ဝင်းလေး-ကြည့်မြင်တိုင်)၊ ဘဏ္ဍာရေးအစီရင်ခံစာကို ဘဏ္ဍာရေးမှူး
ဦးအောင်သန်း (အောင်သန်း-မင်္ဂလာတောင်ညွန့်)၊ စာရင်းစစ် အစီရင်ခံစာကို စာရင်းစစ် ဦးမျိုးမင်းသိန်း (မျိုးမင်းသိန်း- မရမ်းကုန်း)တို့က ဖတ်ကြားကြသည်။
ဆက်လက်၍ အဖွဲ့ရန်ပုံငွေ ရရှိရေးအတွက်
စည်းရုံးဆောင်ရွက်ပေးခဲ့သူအဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးသန်းဝင်း(တညင်လေး) အား ဂုဏ်ထူးဆောင်နာယက
ဦးရဲမြင့်ဖေက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။
ဆက်လက်၍ အဖွဲ့အတွက် တောင်ငူမြို့မှ သတင်းထောက် ဦးကျော်လှ(သမာဓိ)၊
စာရေးဆရာ မန်းကိုကိုလတ်၏ (ကိုယ်စား) ဒေါ်သူဇာနွယ်(သူဇာနွယ်-ဖျာပုံ)တို့က ငွေကျပ် တစ်သိန်းစီနှင့်
ဦးမောင်မောင်သန်းက ငွေကျပ် ၅၀၀၀၀ ပေးအပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များ
လူမှုကူညီရေးအမှုဆောင် အဖွဲ့ကို ပြန်လည်ရွေးချယ်ရာ တက်ရောက်လာကြသူများက ဥက္ကဋ္ဌ ဦးစိုးဝင်း
(ကျောက်တန်း) ဦးဆောင်သော အမှုဆောင် ၁၅ ဦးကို ရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။
တင်စိုး
(မြန်မာ့အလင်း)

No comments:
Post a Comment