မြန်မာစာပေလောကဖွံ့ဖြိုးတိုးတက်ရေးကို
ပါဝင်ဖြည့်ဆည်းရန်အတွက် စာပေနည်းဖြင့် အသိပညာကြွယ်ဝရေး၊ ဘဝအမြင်ထက်သန်ရေးတို့ကို တစ်ဖက်တစ်လမ်းအားပေးနိုင်ရန်
ထွန်းဖောင်ဒေးရှင်းစာပေဆုကို ၂ဝဝ၅ ခုနှစ်ကစတင်ပြီး ချီးမြှင့်ခဲ့သည်မှာ ၁ဝ နှစ်တိုင်ခဲ့ပြီဖြစ်သည်။
ယနေ့ပြုလုပ်သော ဒသမအကြိမ်မြောက် ထွန်းဖောင်ဒေးရှင်း ၂ဝ၁၅ စာပေဆုချီးမြှင့်ပွဲအခမ်းအနားမှ
မုဒိတာစကားများကို ဖော်ပြလိုက်ရပါသည်။
ဦးသိန်းထွန်း
(နာယက၊ ထွန်းဖောင်ဒေးရှင်း စာပေကော်မတီ)
မြန်မာစာပေလောက
ဖွံ့ဖြိုးတိုးတက်ရေး၊ စာကောင်းပေမွန်တွေ ထွက်ပေါ်ရေးနဲ့ အများပြည်သူတို့ စာကောင်းပေမွန်တွေကို
ဖတ်ရှုသူ၊ ရေးဖွဲ့သူ၊ သုတေသနပြုသူတွေကို တိုးပွားလာစေဖို့အတွက် စာပေဆု တွေကို နှစ်စဉ်ရွေးချယ်ချီးမြှင့်ခဲ့တာ
၁ဝ နှစ်ရှိပါပြီ။ ဆုချီးမြှင့်ရွေးချယ်ဖို့အတွက်လည်း ဘာသာရပ်အလိုက် ကျွမ်းကျင်ကော်မတီတွေဖွဲ့ပြီး
ရွေးချယ်ခဲ့ပါတယ်။ ထွန်းဖောင်ဒေးရှင်း တစ်သက်တာ စာပေဆုကို ၂ဝ၁ဝ ပြည့်နှစ်က စတင်ချီးမြှင့်ခဲ့ပါတယ်။
မြန်မာစာပေလောက ဖွံ့ဖြိုးရေးကို တစိုက်မတ်မတ်ဆောင်ရွက်ကြပြီး သတ်မှတ်ထားတဲ့ တစ်သက်တာ
စာပေဆု စည်းကမ်းချက်တွေနဲ့ ကိုက်ညီတဲ့ စာရေးဆရာကြီးတစ်ဦးကို နှစ်စဉ် ရွေးချယ်ချီးမြှင့်ခဲ့ရာမှ
၂ဝ၁၅ ခုနှစ်မှ တစ်သက်တာစာပေဆုကို သုံးဆုအထိ တိုးမြှင့်ချီးမြှင့်ခဲ့ ပါတယ်။
ထွန်းဖောင်ဒေးရှင်း
စာပေဆုတွင် ၂ဝ၁၄ ခုနှစ်က ဘာသာရပ်ပေါင်း ၁ဝ မျိုးအတွက် စုစုပေါင်း ၁၆ ဆု ချီးမြှင့်ခဲ့ပြီး
ယခု ၂ဝ၁၅ ခုနှစ် စာပေ ဆုအတွက် ဘာသာရပ် ၁၂ မျိုးနှင့် စာမူဆုအတွက် ဘာသာရပ်ခုနစ်မျိုး
ဆုချီးမြှင့်ခဲ့ပါတယ်။ ဒီလိုရွေးချယ်ခဲ့တဲ့ စာပေတွေကို သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေး၊
ခရီးသွား၊ အတ္ထုပ္ပတ္တိ၊ ပတ်ဝန်းကျင်၊ စိုက်ပျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကလေးနဲ့လူငယ်စာပေ
ကဏ္ဍမျိုးစုံတို့ ပါဝင်ပါတယ်။
ယနေ့ပြည်သူတွေဟာ
စာဖတ်အား နည်းလာတယ်။ စာဖတ်အားတိုးလာ အောင်လုပ်ရမယ်။ အတော်များများ ဟာ င်္ခေနဘသသု ပေါ်မှာ
အချိန်ကုန် နေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် စာများများဖတ်လာအောင် တစ်ဖက် တစ်လမ်းက လုပ်ဆောင်သွား
ပါမယ်။
ဦးတင်ခ(တက္ကသိုလ်တင်ခ)
ထွန်းဖောင်ဒေးရှင်းတစ်သက်တာစာပေဆု
၁၉၅၇ ခုနှစ် ဧပြီလသင်္ကြန်
အထူးထုတ် မြန်မာ့အလင်းသတင်းစာမှာ ''ပွဲသဘင်မနွှဲချင် ဘဝနွမ်းတာပ'' လေးချိုးကဗျာကို ပထမဆုံးပုံနှိပ်
ဖော်ပြခံရပါတယ်။ ၁၉၅၉ ခုနှစ်က သက်လျာ မဂ္ဂဇင်းကဗျာပြိုင်ပွဲမှာ ''ပညာ''လေးလုံးစပ်လင်္ကာကို
ဒုတိယဆုရရှိပြီး ပုံနှိပ်ဖော်ပြခံရပါတယ်။ အဲဒီနောက် ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ စန္ဒာ၊ သောင်းပြောင်းထွေလာနဲ့
နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းတွေ၊ ဟံသာဝတီ၊ လုပ်သားပြည်သူနေ့စဉ်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာနဲ့
နိုင်ငံတကာသတင်းဂျာနယ်တွေမှာ ကဗျာ၊ စာပေဆောင်းပါးများစွာ ရေးသားခဲ့ပါတယ်။ ၁၉၈၃-၉၄ ခုနှစ်အတွင်း
လုပ်သားပြည်သူ နေ့စဉ်သတင်းစာရဲ့ စာပေအနုပညာကဏ္ဍမှာ စာပေ ယဉ်ကျေးမှုအနုပညာ၊ သုတရေးရာတွေကို
စဉ်ဆက်မပြတ်ရေးသားခဲ့ ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဆောင်းပါး ၃၄ပုဒ် ရွေးထုတ်ကာ ဆောင်းပါး
ပေါင်းချုပ်စာအုပ်ကို ''မြန်မာ့ဇာတိမာန် အဘိဓာန်''အမည်ဖြင့် ပုံနှိပ် ထုတ်ဝေခဲ့ရာ အမျိုးသားစာပေဆု
(သုတပဒေသာ-ဝိဇ္ဇာ)ချီးမြှင့်ခံရပါ တယ်။ အခုချိန်ထိ စာအုပ်ပေါင်း ၁၂ အုပ် ရေးသားခဲ့ပါတယ်။
မြင့်မိုရ်ဆွေ
(သုတပဒေသာ ဘာသာရပ်စာပေဆု)
ကျွန်တော်ကတော့''ကောင်းကင်ဘုံ
ကိုမျှော်၍ ငရဲသို့ရောက်ရှိခြင်း''စာအုပ်နဲ့ စာပေဆုချီးမြှင့်ခံရတာပါ။ ဒီစာအုပ်မှာ
မြန်မာနိုင်ငံရဲ့ အရေးကြီး ဆုံးကဏ္ဍတစ်ခုဖြစ်တဲ့ အိမ်ရာဖွံ့ဖြိုး ရေးလုပ်ငန်းဆိုင်ရာအကြောင်းရပ်
တွေကို ကျွန်တော့်အတွေ့အကြုံကိုအခြေခံရေးသားထားပြီး ဆောင်းပါး ၂၉ ပုဒ် စုစည်းထားတဲ့စာအုပ်ဖြစ်
ပါတယ်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် အိမ်ရာကဏ္ဍကို လူမှုရေးကဏ္ဍအဖြစ် နွမ်းပါးမှု လျှော့ချရေးအတွက်
သက်ဆိုင်ရာဌာနတွေက ထိရောက်တဲ့ အိမ်ရာမူဝါဒ ဦးစားပေးသတ်မှတ် ဆောင်ရွက်သင့်ပါတယ်။ ငွေကိုရင်းတဲ့
စီမံကိန်း၊ မြေကိုရင်းတဲ့ စီမံကိန်းတွေကို စည်းကမ်းတကျ ညှိနှိုင်းဆောင် ရွက်သင့်ပါတယ်။
ကျွန်တော်တို့ရဲ့ မြို့တော်ကို ကြွယ်ဝမှုသင်္ကေတအဖြစ် အထပ်မြင့်အဆောက်အအုံတွေနဲ့ အလှဆင်ပြီး
နိုင်ငံတကာအရင်းအနှီး တွေကို ဆွဲဆောင်ကြသော်လည်း ထိုမှဆက်နွှယ်လျက် မြို့ပြပျက်စီးမှု
အကြောင်းတွေရှိတဲ့အတွက် မြို့ပြ အထပ်မြင့်တွေ အလွန်အကျွံမဖြစ်စေရန် အကြံပြုရေးသားထားတာဖြစ်
ပါတယ်။
ကိုမော် (အောင်သမာဓိ)
သမိုင်းဘာသာရပ်(စာမူ)ဆု
ကျွန်တော်ဟာ ငယ်စဉ်ကတည်းက
နွေရာသီကျောင်းပိတ်ရက်ဆိုရင် ရွှေတောမှာ ရွှေကျင်ယူတဲ့လုပ်ငန်း လုပ်ကိုင်ရင်း ရွှေလုပ်ငန်းနဲ့ထိတွေ့
ရင်းနှီးခဲ့ပါတယ်။ နောက်ပိုင်း တက္ကသိုလ်တက်ရင်း အားလပ်ချိန်မှာ ရွှေလှော်ချွတ်သန့်စင်တဲ့
ပညာရပ်ကို သင်ကြားလေ့လာခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်မှစတင်ပြီး ရွှေလှော်ဖိုနဲ့ ရွှေဆိုင် ဖွင့်ချင်သူတွေကို
အခမဲ့လေ့ကျင့် သင်ကြားပေးပါတယ်။ ၂ဝဝ၈ ခုနှစ် ကစပြီး ရွှေနဲ့ပတ်သက်တဲ့အသိပညာ ဗဟုသုတတွေကို
အခမဲ့ဖြန့်ဝေပြီး သင်တန်းတွေဖွင့်ကာ ဟောပြော ပို့ချခဲ့ပါတယ်။
မြန်မာလူမျိုးတို့ရဲ့
အနှစ်သက်ဆုံး၊ တန်ဖိုးအထားဆုံး အဖိုးတန်သတ္တု တစ်မျိုးဖြစ်တဲ့ ရွှေနဲ့စပ်ဆိုင်တဲ့ အကြောင်းရပ်တွေနဲ့အတူ
ရွှေအမျိုးအစား၊ ရွှေအရည်အသွေး၊ ရွှေလှော် ချွတ်သန့်စင်ခြင်းနဲ့ ရွှေချိန်တွယ် အတိုင်းအတာစနစ်အကြောင်းတွေထည့်သွင်း
ရေးသားထားတာပါ။ နောက်ပြီး ရှေးမြန်မာမင်းတွေ လက်ထက်က ရွှေကိုအသုံးပြုတဲ့ အကြောင်းအရာတွေကိုပါ
ပြည့်စုံစွာ ရေးသားထားပါတယ်။ ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးအနေနဲ့ ရွှေနဲ့ဆက်စပ်ရာအကြောင်းရပ်တွေကို
ထောင့်စေ့အောင် လေ့လာသုတေသန ပြုပြီး သမိုင်းဖြစ်ရပ်တွေ၊ သမိုင်းအကိုးအကားတွေနဲ့ ပြည့်စုံစွာရေးသား
တင်ပြထားတဲ့ ''မြန်မာ့ရွှေသမိုင်း''စာမူအနေနဲ့ ဆုရရှိခဲ့တာပါ။
အောင်နှင်း
လူငယ်ဘာသာရပ်(စာမူ)ဆုရ
ကျွန်တော်ဟာ ကိုရီးယားနိုင်ငံရဲ့ ပညာသင်ဆုရရှိခဲ့တဲ့ တစ်နှစ်တာ အတွေ့အကြုံကို ပြန်လည်ဝေငှတဲ့
အနေနဲ့ရေးသားခဲ့တာပါ။ ဒီစာအုပ်မှာ ပညာသင်ခရီးအစမှ ပြီးဆုံးတဲ့အထိ အခန်း ၁၇ ခန်းခွဲပြီး
မှတ်တမ်းတင် ရေးသားထားတာပါ။ ကိုရီးယားနိုင်ငံ အပါအဝင် အာရှ၊ ဥရောပမှ ပညာ အတူသင်သူတွေရဲ့
အတွေ့အကြုံ တွေကို ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီးသင်ကြားခဲ့ရတဲ့
ဘာသာရပ်အပေါ်အခြေခံကာ လူငယ် တွေ အားကျအတုယူနိုင်ဖို့ မျှဝေ ရေးသားထားတာပါ။ ချမ်းသာကြွယ်ဝတဲ့နိုင်ငံသို့
သွားရောက်လေ့လာကြပြီး အမိနိုင်ငံမှာ ပြန်လည်အသုံးချနိုင်ဖို့ ကြိုးစားသင်ယူမှု၊ တွေ့ကြုံရတဲ့
စိန်ခေါ်မှု၊ အခက်အခဲ၊ ရရှိတဲ့အတွေ့အကြုံ နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက မိတ်ဆွေတွေနဲ့ ခင်မင်ရင်းနှီးခွင့်မှသည်
မိမိပတ်ဝန်းကျင်အတွက် အကြံဥာဏ် စိတ်ကူးသစ် တွေရရှိလာတဲ့အကြောင်းကို ရေးသားဖော်ပြထားတာပါ။


No comments:
Post a Comment