Thursday, January 28, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား




နေပြည်တော် ဇန်န၀ါရီ ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၄၀)ရက်မြောက်နေ့သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။


ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ထမ်း ဆောင်မှု သက်တမ်း ၅ နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ မိန့်ခွန်း ပြောကြားသည်။ (နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို သီးခြားဖော်ပြထားပါသည်။)

ထို့နောက် နိုင်ငံတော်သမ္မတသည် အစည်းအဝေးသို့ တက်ရောက်လာကြသူများကို နှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာသွားသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်တွင် နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုသည့် အခမ်းအနားတွင် ပထမအကြိမ်၊ ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်တွင် တာဝန်ထမ်းဆောင်မှု သက်တမ်း သုံးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားခဲ့ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment